Connect with us

Hi, what are you looking for?

News

အိမ်စောင့်အစိုးရအဖွဲ့ကို မတရားအသင်းအဖြစ် NUG ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တရားရေးဝန်ကြီးဌာနဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရအဖွဲ့ကို မတရားအသင်းအဖြစ် ဒီနေ့ ထုတ်ပြန် ကြေညာပါတယ်။

မနေ့က စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရဖွဲ့စည်းကြောင်း ကြေညာချက်ဟာ ဘယ်တည်ဆဲဥပဒေနဲ့မျှ ကိုက်ညီမှုမရှိတဲ့အပြင် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို အတင်း အဓမ္မအကြမ်းဖက်လုယူပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ဆိုးရွားစွာ ထိခိုက်စေဖို့ လုပ်ဆောင်ခြင်းဖြစ်တာကြောင့် ဒီနေ့ကစပြီး မတရားအသင်းအဖြစ် ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook