Connect with us

Hi, what are you looking for?

News

မြိုင်PDFခေါင်းဆောင်ကိုဖိုးဌေး ကျဆုံးခဲ့ခြင်းမှာ ကြီးမားသည့်ဆုံးရှုံးမှုဟု UDLA ထုတ်ပြန်

ကိုဖိုးဌေးနှင့် ၎င်း၏အဖွဲ့ဝင်များကို စစ်ကောင်စီလက်နက်ကိုင်များက ယမန်နေ့(ဩဂုတ် ၁ရက်) ညနေပိုင်းက မြိုင်မြို့နယ် ဗဟင်းကျေးရွာတွင် စောင့်ကြိုတိုက်ခိုက်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်များနှင့် အပြန် အလှန်ပစ်ခတ်မှုအတွင်း ကျဆုံးခဲ့သည့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ခေါင်းဆောင် ကိုဖိုးဌေးသည် တော်လှန်ရေးအတွက်များစွာအနစ်နာခံခဲ့သူဖြစ်ပြီး ၎င်းကျဆုံးမှုသည် ဒေသခံကာကွယ်ရေးအဖွဲ့များ အနေဖြင့် ကြီးမားသော အင်အားတစ်ရပ် ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုကာကွယ်ရေးနှင့် လွတ် မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က ယနေ့ညနေတွင် ထုတ်ပြန်သည်။

ကိုဖိုးဌေးနှင့် ၎င်း၏အဖွဲ့ဝင်များကို စစ်ကောင်စီလက်နက်ကိုင်များက ယမန်နေ့(ဩဂုတ် ၁ရက်) ညနေပိုင်းက မြိုင်မြို့နယ် ဗဟင်းကျေးရွာတွင် စောင့်ကြိုတိုက်ခိုက်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည်။

အပြန်အလှန် ပစ်ခတ်စဉ် မိမိတပ်ဖွဲ့ဝင်များ လွတ်မြောက် ရေးအတွက် စစ်ကောင်စီလက်နက်ကိုင်များကို ကိုဖိုးဌေးက ခုခံပစ်ခတ်နေစဉ် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

ကျဆုံးခဲ့သည့် ကိုဖိုးဌေးအကြောင်းကို UDLAက ထုတ်ပြန်ခဲ့ရာ UDLA ဗဟိုကော်မတီသည် ကိုဖိုးဌေးအား ငွေကြေးထောက်ပံ့လိုကြောင်း ပြောဆိုခဲ့သော်လည်း ကိုဖိုးဌေးသည် ထိုသို့ကမ်းလှမ်းမှုကို နှစ်ကြိမ်တိုင်တိုင် ငြင်းဆိုခဲ့သူဖြစ်ကြောင်း၊ အခြားလိုအပ်သည့် အဖွဲ့များကိုသာ ပေးရန် ကိုဖိုးဌေးက ပြောဆိုခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ကိုဖိုးဌေးသည် ၎င်း၏ လုံခြုံရေးထက် စစ်ကောင်စီကို ခုခံတော်လှန်ရာတွင် ပြည်သူလူထုများ ပိုမို ပါဝင်ရေးကို အားစိုက်လုပ်ဆောင်ခဲ့သူ ဖြစ်သည်ဟု UDLAက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ မြိုင်မြို့နယ် အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သည့် ကိုဖိုးဌေးသည် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြရာတွင် မြိုင်မြို့ သပိတ်ခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သူ ဖြစ်ကြောင်း၊ မတ်လ ၁၁ရက်က မြိုင်မြို့၌ ဆန္ဒပြပြည်သူများ အကြမ်းဖက်ဖြိုခွင်းခံရ ပြီးချိန်တွင် လက်နက် ကိုင်နည်းဖြင့် စစ်အာဏာရှင်ကို တိုက်ထုတ်မှ ရမည်ဆိုသည့် ခံယူချက်ဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သူဖြစ်ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ ၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook