မြန်မာ့အရေးကိုကြားဝင်ဆောင်ရွက်ပေးမယ့် အာဆီယံ အထူးသံတမန် ခန့်အပ်တာကို ကြိုဆိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောလိုက်ပါတယ်။
စစ်တပ်အနေနဲ့ အာဆီယံ သဘောတူညီချက် ငါးရပ်ကို တာဝန်ယူမှု ၊ တာဝန်ခံမှုရှိစေဖို့ နဲ့ ဒီမိုကရေစီ လို လားတဲ့ ခေါင်းဆောင်တွေ အပါအဝင် သက်ဆိုင်သူတွေအားလုံးနဲ့ထိတွေ့ ဆောင်ရွက် စေဖို့အတွက် အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။