Connect with us

Hi, what are you looking for?

News

ကနီတွင် ကျဆုံးခဲ့သည့်ပြည်သူ၁၂ဦးထပ်တိုးလာ၍ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူ ၉၆၀ဦးအထိ ရှိလာ

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှ ကျဆုံးခဲ့သည့်အပြစ်မဲ့ပြည်သူ ၁၂ ဦး၏ အချက်အလက်များထပ်မံရရှိ၍ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော် လှန်ရေး) ကာလအတွင်းကျဆုံးခဲ့ရသူ စုစုပေါင်းမှာယမန်နေ့အထိ ၉၆၀ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ (သြဂုတ် ၇ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၅၁၂ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ဖော်ပြထားသည်။

ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရ သည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၈၄ဦးရှိရာ ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာမျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း၆၅ဦးရှိပြီဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (သြဂုတ် ၆ရက်) က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကယန်းသာယာစစ်ဆေးရေးဂိတ်တွင် အကြမ်းဖက်စစ်တပ်မှ ကယန်းသာယာကျေးရွာမှ ရွာသားသုံးဦးကို PDF နှင့်ဆက်နွယ်မှုရှိသည်ဟူသော သံသယဖြင့် ဖမ်းဆီးသွားခဲ့ပြီး အဆိုပါရွာသား သုံးဦးမှာ ခွန်ငြိမ်းချမ်း၊ ခွန်ဘေ၊ ခွန်ဖိုးအိုတို့ဖြစ်ကြသည်။

၎င်းတို့၏ လက်ကိုင်ဖုန်းများကို စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့အပြင်ကချင်ပြည်နယ် မိုးညှင်းမြို့တွင် သပိတ်ဦးဆောင်သူဟုစွပ်စွဲခြင်းခံရပြီး ဇွန်လ ၂၄ ရက်ကတည်းက ဖမ်းဆီးခြင်းခံထားရသော အကဆရာတစ်ဦးဖြစ်သည့် ကိုဝေယံထွန်း(ခ)မျိုးမျိုးကို အကြမ်းဖက်စစ်အုပ်စုမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ဇူလိုင်၃၁ ရက်တွင် အမှုဖွင့်ခဲ့ကြောင်းသိရသည်ဟု ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်က အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး ပြည်သူတွေအနေနဲ့စစ်ကြောင်းတွေကို (၃)မိုင်အကွာက ရှောင်ရှားကြဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ သတိပေး ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၃၀နီးပါးက ပြည်သူပေါင်း ၂၄၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ကနီမြို့နယ်ထဲမှာအာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ ၄၀ ခန့်ကဒေသခံပြည်သူသုံးသောင်းကျော်စစ်ရှောင်နေရပြီးနေထိုင်စားသောက်ရေးအခက်ကြုံနေရတယ်လို့စစ်ရှောင်အရေးကူညီသူအချို့ထံကသိရပါတယ်။