Connect with us

Hi, what are you looking for?

LuduNwayOo

News

ကနီတွင် ကျဆုံးခဲ့သည့်ပြည်သူ၁၂ဦးထပ်တိုးလာ၍ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူ ၉၆၀ဦးအထိ ရှိလာ

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှ ကျဆုံးခဲ့သည့်အပြစ်မဲ့ပြည်သူ ၁၂ ဦး၏ အချက်အလက်များထပ်မံရရှိ၍ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော် လှန်ရေး) ကာလအတွင်းကျဆုံးခဲ့ရသူ စုစုပေါင်းမှာယမန်နေ့အထိ ၉၆၀ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ (သြဂုတ် ၇ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၅၁၂ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ဖော်ပြထားသည်။

ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရ သည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၈၄ဦးရှိရာ ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာမျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း၆၅ဦးရှိပြီဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (သြဂုတ် ၆ရက်) က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကယန်းသာယာစစ်ဆေးရေးဂိတ်တွင် အကြမ်းဖက်စစ်တပ်မှ ကယန်းသာယာကျေးရွာမှ ရွာသားသုံးဦးကို PDF နှင့်ဆက်နွယ်မှုရှိသည်ဟူသော သံသယဖြင့် ဖမ်းဆီးသွားခဲ့ပြီး အဆိုပါရွာသား သုံးဦးမှာ ခွန်ငြိမ်းချမ်း၊ ခွန်ဘေ၊ ခွန်ဖိုးအိုတို့ဖြစ်ကြသည်။

၎င်းတို့၏ လက်ကိုင်ဖုန်းများကို စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့အပြင်ကချင်ပြည်နယ် မိုးညှင်းမြို့တွင် သပိတ်ဦးဆောင်သူဟုစွပ်စွဲခြင်းခံရပြီး ဇွန်လ ၂၄ ရက်ကတည်းက ဖမ်းဆီးခြင်းခံထားရသော အကဆရာတစ်ဦးဖြစ်သည့် ကိုဝေယံထွန်း(ခ)မျိုးမျိုးကို အကြမ်းဖက်စစ်အုပ်စုမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ဇူလိုင်၃၁ ရက်တွင် အမှုဖွင့်ခဲ့ကြောင်းသိရသည်ဟု ပါရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။