Connect with us

Hi, what are you looking for?

News

KIOပိုင် ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်း​ခြောက်ဦးကို အကြမ်းဖက်စစ်ကောင်စီဖမ်းဆီး

ဖမ်းဆီးခေါ်ဆောင် သွား၍ ယနေ့တွင် ကုမ္ပဏီတာဝန်ရှိသူများက သွား ရောက်ဆွေးနွေးနေသည်ဟု ဆိုသည်။

ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ပိုင်သည့် ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်းခြောက်ဦးကို စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် ဖမ်းဆီးသွားကြောင်း အဆိုပါကုမ္ပဏီမှဝန်ထမ်းတစ်ဦးက ပြောသည်။

၀ိုင်းမော်မြို့နယ်ရှိ ဘူးဂါးလျှပ်စစ်ရုံးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်ပြီး ယခုသို့ ဖမ်းဆီးခေါ်ဆောင် သွား၍ ယနေ့တွင် ကုမ္ပဏီတာဝန်ရှိသူများက သွား ရောက်ဆွေးနွေးနေသည်ဟု ဆိုသည်။

“ဘယ်လိုကြောင့်ဆိုတာ မသိသေးဘူး။ အခုမန်နေဂျာတွေက ၀ိုင်းမော်ဘက်သွားပြီးတော့ စကားပြောနေတယ်လို့တော့ ပြောတာပဲ။ညအရေးပေါ်အဖွဲ့တွေရှိတယ်။ ရှိတဲ့သူအကုန်လုံးတော့ မဟုတ်ဘူး ၆ယောက်ကိုပဲ ရွေးဖမ်းသွားတာ။ သူတို့ ဖုန်းတွေဘာတွေကြည့်တယ်လို့တော့ ပြောတယ်” ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါဘူးဂါးလျှပ်စစ်ရုံးသည် ၀ိုင်းမော်ရှိ စစ်ကောင်စီ ၏ ခလရ (၅၈)တပ်ရင်းအနီးတွင်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ခလရ(၅၈)တပ်ကို ဇူလိုင် ၂၉ရက်က KIAက လာရောက်တိုက်ခိုက်ခဲ့သည်။ ထို့နောက်ပိုင်းတွင် အဆိုပါ ၅၈တပ်ရင်းမှ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ရာ KIAက ၎င်းတို့ အနေဖြင့် ဇူလိုင် ၂၉ရက် တိုက်ခိုက်မှု နောက်ပိုင်းတွင် ထပ်မံတိုက်ခိုက်ခြင်းမပြုကြောင်း၊ စစ်ကောင်စီတပ်မှ တပ်လှန့်ခြင်း၊ တစ်ဖက်သတ်တိုက်ပွဲဖော်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘူးဂါးလျှပ်စစ်ကုမ္ပဏီသည် မြစ်ကြီးနားမြို့အား အဓိက လျှပ်စစ်မီးပေးနေသည့် ကုမ္ပဏီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook