Connect with us

Hi, what are you looking for?

LuduNwayOo

News

KIOပိုင် ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်း​ခြောက်ဦးကို အကြမ်းဖက်စစ်ကောင်စီဖမ်းဆီး

ဖမ်းဆီးခေါ်ဆောင် သွား၍ ယနေ့တွင် ကုမ္ပဏီတာဝန်ရှိသူများက သွား ရောက်ဆွေးနွေးနေသည်ဟု ဆိုသည်။

ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ပိုင်သည့် ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်းခြောက်ဦးကို စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် ဖမ်းဆီးသွားကြောင်း အဆိုပါကုမ္ပဏီမှဝန်ထမ်းတစ်ဦးက ပြောသည်။

၀ိုင်းမော်မြို့နယ်ရှိ ဘူးဂါးလျှပ်စစ်ရုံးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်ပြီး ယခုသို့ ဖမ်းဆီးခေါ်ဆောင် သွား၍ ယနေ့တွင် ကုမ္ပဏီတာဝန်ရှိသူများက သွား ရောက်ဆွေးနွေးနေသည်ဟု ဆိုသည်။

“ဘယ်လိုကြောင့်ဆိုတာ မသိသေးဘူး။ အခုမန်နေဂျာတွေက ၀ိုင်းမော်ဘက်သွားပြီးတော့ စကားပြောနေတယ်လို့တော့ ပြောတာပဲ။ညအရေးပေါ်အဖွဲ့တွေရှိတယ်။ ရှိတဲ့သူအကုန်လုံးတော့ မဟုတ်ဘူး ၆ယောက်ကိုပဲ ရွေးဖမ်းသွားတာ။ သူတို့ ဖုန်းတွေဘာတွေကြည့်တယ်လို့တော့ ပြောတယ်” ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါဘူးဂါးလျှပ်စစ်ရုံးသည် ၀ိုင်းမော်ရှိ စစ်ကောင်စီ ၏ ခလရ (၅၈)တပ်ရင်းအနီးတွင်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ခလရ(၅၈)တပ်ကို ဇူလိုင် ၂၉ရက်က KIAက လာရောက်တိုက်ခိုက်ခဲ့သည်။ ထို့နောက်ပိုင်းတွင် အဆိုပါ ၅၈တပ်ရင်းမှ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ရာ KIAက ၎င်းတို့ အနေဖြင့် ဇူလိုင် ၂၉ရက် တိုက်ခိုက်မှု နောက်ပိုင်းတွင် ထပ်မံတိုက်ခိုက်ခြင်းမပြုကြောင်း၊ စစ်ကောင်စီတပ်မှ တပ်လှန့်ခြင်း၊ တစ်ဖက်သတ်တိုက်ပွဲဖော်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘူးဂါးလျှပ်စစ်ကုမ္ပဏီသည် မြစ်ကြီးနားမြို့အား အဓိက လျှပ်စစ်မီးပေးနေသည့် ကုမ္ပဏီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

လွယ်ဂျယ်က ရရှိခဲ့သည့် ငွေများနှင့်ပတ်သက်ပြီး မည်သို့ စီမံသည်ဆိုသည်ကို ဗိုလ်ချုပ်ကြီး ဂွန်မော်က KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)၌ ပြဌာန်းထားသည့် အချက်များကို ၎င်း၏ Facebookမှ တဆင့် ရှင်းပြခဲ့သည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။