Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးကို အာဆီယံထိရောက်စွာ မဖြေရှင်းနိုင်ဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

“အာဆီယံဟာ ကျွန်တော်တို့မျှော်လင့်သလို မြန်မြန်ဆန်ဆန် ဒါမှမဟုတ် အကျိုးထိရောက်မှု မရှိပါဘူး။ ဒါပေမဲ့ ဒါက ခက်ခဲတဲ့အခြေအနေတစ်ခုပါ” လို့ Vivian Balakrishnan က ရိုက်တာသတင်းဌာနဲ့ ပြုလုပ်တဲ့ အင်တာဗျူး မှာ ဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ - Vivian Balakrishnan/FB

အာဆီယံဟာ မြန်မာနိုင်ငံအတွက် မျှော်လင့်သလို အကျိုးထိရောက်မှုမရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံအများအပြားက မြန်မာ့အရေးကို သံတမန်နည်းလမ်းကတစ်ဆင့် တည်ငြိမ်ရေးအတွက် ဖြေ ရှင်းဖို့ အာဆီယံကို တိုက်တွန်းနေချိန်မှာ အာဆီယံဆီက အကျိုးထိရောက်တဲ့ရလဒ် မထွက်ပေါ်နိုင်တဲ့အပေါ် စင် ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

“အာဆီယံဟာ ကျွန်တော်တို့မျှော်လင့်သလို မြန်မြန်ဆန်ဆန် ဒါမှမဟုတ် အကျိုးထိရောက်မှု မရှိပါဘူး။ ဒါပေမဲ့ ဒါက ခက်ခဲတဲ့အခြေအနေတစ်ခုပါ” လို့ Vivian Balakrishnan က ရိုက်တာသတင်းဌာနဲ့ ပြုလုပ်တဲ့ အင်တာဗျူး မှာ ဖြေကြားခဲ့ပါတယ်။

အာဆီယံဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ဧပြီလမှာ ဘုံသဘောတူညီချက် ၅ ရပ် ဆုံးဖြတ်ချမှတ်ခဲ့ပြီး အဲဒီထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ခန့်အပ်ခြင်းကို အခု ဩဂုတ် လဆန်းမှာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ထဲက အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းအတွက် ရက်ပေါင်း ၁၀၀ အကြာမှ အကောင်အထည်ဖော်နိုင်ခဲ့တာပါ။

ဒါ့အပြင် အထူးကိုယ်စားလှယ်ခန့်အပ်ကြောင်း ကြေညာအပြီး နှစ်ပတ်ကျော်လာချိန်အထိလည်း အထူးကိုယ်စား လှယ်ဟာ မြန်မာပြည်ကို ဘယ်တော့လာမယ်၊ ဘယ်သူတွေနဲ့ တွေ့ဆုံမယ် စတဲ့အချက်အလက်တွေကို အတည်ပြု ကြေညာနိုင်ခြင်းမရှိသေးပါဘူး။

တရုတ်အပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံရှိ ဘက်ပေါင်းစုံက Stakeholder တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရသင့်တယ်လို့ တိုက်တွန်းအကြံပြုထားပေမယ့် အကြမ်းဖက်နည်းလမ်းနဲ့ ဥပဒေမဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကတော့ အဲဒီအခြေအနေကို ခွင့်ပြု၊မပြု မသိရသေးပါဘူး။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

အတွေးအမြင်

လားရှိုးကိစ္စဟာ မြန်မာ့ ပြည်တွင်းစစ်မှာ တရုတ်ကခိုးကြောင်ခိုးဝှက်မဟုတ်ဘဲ ပေါ်ပေါ်ထင်ထင် ကြားဝင်စွက်ဖက်ခဲ့တဲ့၊ ပြီးတော့ သက်ရောက်မှု ကြီးမားတဲ့ အရွေတစ်ခုဖြစ်ပါတယ်။

သတင်း

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာနိုင်ငံအတွက် ပေးပို့မယ့် ငလျင်ဘေးသင့် အကူအညီ ကဏ္ဍတွေကို မလေးရှား အစိုးရက ဦးဆောင် စုစည်းပေးသွားမယ်လို့ ဆိုပါတယ်။

သတင်း

စင်ကာပူအခြေစိုက်ငွေလွှဲဝန်ဆောင်မှုကုမ္ပဏီ 2C2Pက မြန်မာနိုင်ငံမှ ထွက်ခွာရန် စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း ယနေ့(ဧပြီ ၄ ရက်)တွင် ကြေညာသည်။

Facebook