Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ပျက်သုန်းဖို့ မွန်ပြည်သူတွေနဲ့ တိုင်းရင်း သားလူမျိုးအားလုံး ပူးပေါင်းပါဝင်ဖို့ NUG တိုက်တွန်း

စစ်အာဏာရှင်ပျက်သုန်းဖို့အတွက် မွန်ပြည်သူများနဲ့ တိုင်းရင်းသားလူမျိုးအားလုံး ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးနဲ့ ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကြိုးစားရမယ်လို့ NUG က တိုက်တွန်းထားတာပါ။

စစ်အာဏာရှင်စနစ်ဖျက်သိမ်းနိုင်သည်အထိ မွန်ပြည်သူများနဲ့ တိုင်းရင်းသားလူမျိုးအားလုံး ပူးပေါင်းဖို့ ဒီနေ့ကျရောက်တဲ့ (၇၄)နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာရှင်ပျက်သုန်းဖို့အတွက် မွန်ပြည်သူများနဲ့ တိုင်းရင်းသားလူမျိုးအားလုံး ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးနဲ့ ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကြိုးစားရမယ်လို့ NUG က တိုက်တွန်းထားတာပါ။

၁၉၄၈ ခုနှစ် တော်လှန်ရေးကာလအတွင်း ကျဆုံးလေပြီးသော မွန်အမျိုးသား ခေါင်းဆောင်ကြီးများကို သတိရအောက်မေ့ကြောင်းနဲ့ ခေါင်းဆောင်ကြီးများနဲ့အတူ မွေးဖွားလာတဲ့ မွန်လူမျိုးတွေ ရဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်များအောင်မြင်ပါစေကြောင်း လေးနက်စွာဆန္ဒပြုတယ်လို့ NUGက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရရှိသော်လည်း အုပ်ချုပ်သူဗဟိုအစိုးရအဆက်ဆက်က တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးနဲ့ ဖက်ဒရယ်နိုင်ငံထူထောင်ရေးကတိကဝတ် တောင်းဆိုချက်တွေအပေါ် လျစ်လျှူရှုကာ လက်နက်ဖြင့်ဖြေရှင်းတဲ့ ယဉ်ကျေးမှု အမြစ်တွယ်ခဲ့တာဟာ နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပါပြီ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ၁ ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ခြင်းဟာ နိုင်ငံရေးမှာ စစ်တပ်က ထာဝရဝင်ရောက်စွက်ဖက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးတို့အတွက် ပိုမိုပင်ဝေးကွာသွား စေနိုင်တယ်လို့ NUGက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook