Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့နယ်တွင်တိုက်ပွဲဖြစ်၍ စစ်ကောင်စီ ၇ဦးသေဆုံးဟု KNDF ထုတ်ပြန်

အဆိုပါဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို KNDFနှင့် ကရင်နီပြည်တပ်မတော်(KA)တို့ ပးပေါင်း ခုခံတိုက်ခိုက်ခဲ့၍ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(KNDFရဲ​ဘော်များ၏ပုံဖြစ်ပြီး ပုံအ​ဟောင်းဖြစ်ပါသည်)

လွိုင်ကော်မြို့နယ် ကုန်းဆွတ်နှင့် ကျောက်ကြီး ကျေးရွာကြားတွင် ယနေ့မနက်က ကရင်နီ လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီတပ်ဘက်က ၇ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က သတင်းထုတ်ပြန်သည်။

အဆိုပါဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို KNDFနှင့် ကရင်နီပြည်တပ်မတော်(KA)တို့ ပးပေါင်း ခုခံတိုက်ခိုက်ခဲ့၍ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်း ၃ကြောင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ ဩဂုတ် ၂၃ရက်က ကယန်းသာယာ ကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ပြီး နေအိမ်များကို ဖောက်ထွင်းခြင်း၊ ကျေးရွာအနီး တောင်ယာထဲ၌ ပုန်းအောင်းနေသည့် ပြည်သူများကို အကြမ်းဖက်ရိုက်နှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ကယားပြည်နယ် ဘောလခဲ၊ ဒီးမောဆို၊ ဖရူဆိုနှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်များတွင် ကရင်နီလက်နက်ကိုင်တပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook