Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅)နယ်မြေတွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၁၃၀ ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ၁၂၀ဦးနီးပါးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟ(၅) နှင့် စစ်ကောင်စီတပ်တို့ ဩဂုတ်လအတွင်း တိုက်ပွဲ ၁၃၀ ကြိမ်ဖြစ်ပွားရာ စစ်ကေင်စီတပ်မှ ၁၁၈ဦးသေဆုံးပြီး ၆၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများအနက် တပ်ရင်းမှူးတစ်ဦး ပါဝင်ကြောင်း၊ KNU တပ်မဟာ(၅)ဘက်မှလည်း ငါးဦး ဒဏ်ရာရရှိခဲ့ပြီး ကျဆုံးသူ တစ်ဦးမျှ မရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သားငါးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်က ဒေသခံ ပြည်သူများ လုပ်ကိုင်စားသောက်ရာနေရာများသို့ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ဒေသခံများ၏ နေအိမ်​ခြောက်လုံး မီးလောင်ပျက်စီးခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်က KNU တပ်မဟာ(၅)နယ်မြေသို့ လေကြောင်းမှ ကင်းထောက်မှုများ လုပ်ဆောင်ခဲ့၍ ဒေသခံပြည်သူများအား လေကြောင်းအန္တရာယ် သတိပေးချက် တန့်လှန့်ကာ ဘန်ကာ၊ ဗုံးခိုကျင်းများအနီး သွားလာနေထိုင်ရန် ညွှန်ကြားထားသည်ဟု ထုတ်ပြန်ခဲ့သည်။

KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လစဉ် တိုက်ပွဲရာနှင့်ချီဖြစ်ခဲ့သည်။ ဒေသတွင်းသို့ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ မိုင်းဖြင့်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KNU တပ်မဟာ(၅)က ပြောဆိုထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။