Connect with us

Hi, what are you looking for?

News

KNU နယ်မြေများ၌ ဩဂုတ်လကဖြစ်သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၁၆၀ ကျော်သေ၊ ၁၀၀ ကျော် ဒဏ်ရာရ

KNU တပ်မဟာ၇ခုရှိသည့်အနက် တပ်မဟာ ၅ခု၏ နယ်မြေများ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မဟာ(၄)နှင့် တပ်မဟာ(၇)နယ်မြေတို့၌ တိုက်ပွဲဖြစ်ပွားမှုမရှိဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ နယ်မြေများတွင် ဩဂုတ်လအတွင်းက တိုက်ပွဲ ၂၀၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၆၀ကျော်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

KNU တပ်မဟာ၇ခုရှိသည့်အနက် တပ်မဟာ ၅ခု၏ နယ်မြေများ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မဟာ(၄)နှင့် တပ်မဟာ(၇)နယ်မြေတို့၌ တိုက်ပွဲဖြစ်ပွားမှုမရှိဟု ဆိုသည်။

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာ၍ ဩဂုတ်လအတွင်းက သထုံခရိုင် တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၌ တိုက်ပွဲ ၂၄ကြိမ်၊ တောင်ငူ ခရိုင် တပ်မဟာ( ၂)ထိန်းချုပ် နယ်မြေ၌ ၆ကြိမ်၊ညောင်လေးပင်ခရိုင် တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၌ ၂ကြိမ်၊ ဖာပွန်ခရိုင်တပ်မဟာ (၅)ထိန်းချုပ်နယ်မြေ၌ ၁၈၁ကြိမ်၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၌ ၄ကြိမ် စုစုပေါင်း တိုက်ပွဲ ၂၁၇ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၆၆ဦးသေဆုံးပြီး ၊ ၁၀၁ ဦးဒဏ်ရာ ရခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများ၌ KNUတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရရမှု အခြေအနေကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ သို့ရာတွင် စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ KNU တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု နည်းပါးဟု KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ တပ်များသည် ပြည်သူလူထုကို သတ်ဖြတ်ခြင်း၊ ကြောက်လန့် အောင်ပြုလုပ်ပြီး ပစ္စည်း အဓမ္မ လုယူမှုများလည်း ရှိခဲ့သည့်အပြင် ဒေသခံ ပြည်သူများကို ဖမ်းဆီးခြင်း၊ စစ်တပ်အသုံးအဆောင်ပစ္စည်းများ သယ်ဆောင် ပေးရန် အတင်းအဓမ္မ ခိုင်းစေခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ပြည်သူများ လုပ်ကိုင်စားသောက်နေသော လုပ်ငန်း ခွင် နှင့် ကျေးရွာ များအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ် ခြင်း၊တပ်မဟာနယ်မြေအချို့၌ လေကြောင်းမှ ထောက် လှမ်းခြင်း၊ပြည်သူလူထုများ သွားလာ သောနေရာများ၊ လုပ်ကိုင်စားသောက်သောနေရာများ နှင့် လမ်းမ များပေါ်တွင် မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

KNUသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းနှင့်အတူ လက်တွဲပြီး အာဏာရှင်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဟု သဘောထားထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။