Connect with us

Hi, what are you looking for?

News

ရဲဝန်ထမ်းအိမ်ယာကို ဗုံးခွဲတိုက်ခိုက်ပြီး​နောက် CDMမလုပ်သည့် ရဲဝန်ထမ်းများ ပြည်သူ့ဘက်ရပ်တည်ရန် ဗိဿနိုးနယ်မြေ PDF သတိ​ပေး

CDM မလုပ်သေးသည့် ရဲဝန်ထမ်းများအနေဖြင့် ပြည်သူနှင့်အတူ တစ်သားတည်း အမြန်ဆုံးရပ်တည်သွားရန် သတိပေးကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

—People’s Spring

ပြည်သူလူထုနှင့် ရပ်တည်မှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေသည့် CDM ဆောင် ရွက်ခြင်းမရှိသော ရဲဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ အသက်၊ အိုးအိမ်၊စည်းစိမ်တို့အား လုံး၀တာဝန်ယူမည် မဟုတ်ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယနေ့ စက်တင်ဘာ ၅ရက် နံနက်က မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ရွှေလရောင် ကွက်သစ်ရပ်ကွက်ရှိ ရဲစခန်း ရဲဝန်ထမ်းအိမ်ယာအား ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း သတိပေး ချက် ဖော်ပြခဲ့ခြင်းဖြစ်သည်။

CDM မလုပ်သေးသည့် ရဲဝန်ထမ်းများအနေဖြင့် ပြည်သူနှင့်အတူ တစ်သားတည်း အမြန်ဆုံးရပ်တည်သွားရန် သတိပေးကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဗိဿနိုးနယ်မြေ PDF အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပြည်သူလူထုများ အနေဖြင့် ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထားသည်။

ဗိဿနိုးနယ်မြေ PDFသည် ယခင်ကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအချို့အပါအဝင် စစ်ကောင်စီသတင်းပေးများကို တိုက်ခိုက်ခဲ့ပြီး မကွေးလေတပ်စခန်းအတွင်း၌လည်း ဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည့် အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။