Connect with us

Hi, what are you looking for?

LuduNwayOo

News

ရဲဝန်ထမ်းအိမ်ယာကို ဗုံးခွဲတိုက်ခိုက်ပြီး​နောက် CDMမလုပ်သည့် ရဲဝန်ထမ်းများ ပြည်သူ့ဘက်ရပ်တည်ရန် ဗိဿနိုးနယ်မြေ PDF သတိ​ပေး

CDM မလုပ်သေးသည့် ရဲဝန်ထမ်းများအနေဖြင့် ပြည်သူနှင့်အတူ တစ်သားတည်း အမြန်ဆုံးရပ်တည်သွားရန် သတိပေးကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

—People’s Spring

ပြည်သူလူထုနှင့် ရပ်တည်မှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေသည့် CDM ဆောင် ရွက်ခြင်းမရှိသော ရဲဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ အသက်၊ အိုးအိမ်၊စည်းစိမ်တို့အား လုံး၀တာဝန်ယူမည် မဟုတ်ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယနေ့ စက်တင်ဘာ ၅ရက် နံနက်က မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ရွှေလရောင် ကွက်သစ်ရပ်ကွက်ရှိ ရဲစခန်း ရဲဝန်ထမ်းအိမ်ယာအား ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း သတိပေး ချက် ဖော်ပြခဲ့ခြင်းဖြစ်သည်။

CDM မလုပ်သေးသည့် ရဲဝန်ထမ်းများအနေဖြင့် ပြည်သူနှင့်အတူ တစ်သားတည်း အမြန်ဆုံးရပ်တည်သွားရန် သတိပေးကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဗိဿနိုးနယ်မြေ PDF အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပြည်သူလူထုများ အနေဖြင့် ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထားသည်။

ဗိဿနိုးနယ်မြေ PDFသည် ယခင်ကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအချို့အပါအဝင် စစ်ကောင်စီသတင်းပေးများကို တိုက်ခိုက်ခဲ့ပြီး မကွေးလေတပ်စခန်းအတွင်း၌လည်း ဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည့် အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။