Connect with us

Hi, what are you looking for?

News

ရန်သူက အဖွဲ့တွင်း သပ်လျှိုဖြိုခွဲခြင်းအပြင် NUGနှင့်ပါ ကွဲလွဲအောင်လုပ်လိမ့်မည်ဟုKNU ဝါရင့်ခေါင်းဆောင် သတိပေး

လက်ရှိတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ဆောင်ထားသူများအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သူများကို KNUက လက်ခံကူညီနေခြင်းကြောင့် စစ်ကောင်စီဘက်က KNUကို ပစ်မှတ်ထား ဆောင်ရွက်ရန်ရှိနေကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာရှင်က ကရင်အမျိုးသားအစည်းအရုံး (KNU)ကို ဖြိုခွဲရန် နည်းပေါင်းစုံကျင့်သုံးသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် သဘောထားကွဲလွဲအောင်လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း KNU ဝါရင့်ခေါင်းဆောင် ပဒိုစောသမိန်ထွန်းက သတိပေးပြောကြားသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်မည့် မည်သည့်အဖွဲ့အစည်းမဆို စနစ်တကျ လုပ်ဆောင်ရန်နှင့်ပတ်သက်သည့် KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း၏ ပြောကြားချက်ကို KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက စက်တင်ဘာ ၅ရက်တွင် ဖော်ပြခဲ့ရာ ယင်းသို့ သတိပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ဆောင်ထားသူများအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သူများကို KNUက လက်ခံကူညီနေခြင်းကြောင့် စစ်ကောင်စီဘက်က KNUကို ပစ်မှတ်ထား ဆောင်ရွက်ရန်ရှိနေကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာရှင်များသည် ယခင်ကတည်းက KNUကို ဖြိုခွဲရန် နည်းလမ်းပေါင်းစုံကျင့်သုံးခဲ့ကြောင်း ပဒိုစောသမိန်ထွန်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“လောလောဆယ်မှာ သူတို့က ကျွန်တော်တို့ အတွင်းမှာ သပ်လျှိုဖြိုခွဲဖို့ အရင်လုပ်တာ။တကယ် သပ်လျှိုဖြိုခွဲဖို့ လုပ်လာပြီးရင်သူတို့က စစ်ရေးအရ ထိုးမှာပဲ။ အဲဒီတော့ သူတို့က ဖြိုခွဲရေးနဲ့ စစ်ရေး၊ ဖြိုခွဲရေးကို အရင် လုပ်လိုက် ပြီးမှ ကွဲလာမှာ ထိုးစစ်ကို ပြန်ဆင်မှာ ။ နောက်ပြီး ကျွန်တော်တို့နဲ့ NUGနဲ့ ကျွန်တော်တို့နဲ့ ကွဲလွဲလာအောင် လုပ်မယ်။ သူတို့ NUGထဲမှာလည်း တချို့က အားနည်းချက်တွေရှိတယ်ဗျ။ သတင်းမဖော်သင့်တာ ဖော်၊ လျှိုထား ရမယ့်ဟာ မလျှိုထားဘူး ဖော် ဒါမျိုးတွေလည်း သူတို့မှာရှိတယ်။ သူတို့ချည်းပဲရှိတာမဟုတ်ဘူး ကျွန်တော် တို့မှာလည်းရှိတယ်။ ဒါတွေကို အားလုံး ထိန်းသိမ်းပြီးမှ သေချာလုပ်မယ်ဆိုရင် ရတယ်” ဟု ပဒိုစောသမိန်ထွန်း ကပြောသည်။

ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်အစိုးရ ချုပ်ငြိမ်းရေးအတွက် အားလုံးက မိမိအမှားများကို သုံးသပ်ပြီး ညီညွတ်စွာ လုပ်ဆောင်ရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။

“ အားလုံးက ဒီကနေ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အမှားတွေ ကိုယ့်အမှန်တွေ ပြန်လည်သုံးသပ်ပြီးမှ တညီတညွတ်တည်းနဲ့ ဘုံရန်သူ စစ်အာဏာရှင် အစိုးရကို ဗမပြည်ကနေချုပ်ငြိမ်းသွားအောင် ပြောရမယ်ဆိုရင် တပ်မတော်သားတွေလည်း အဲဒါပါတယ်နော်။ စစ်အာဏာရှင်ပြောတာနဲ့ တပ်မတော်သားတွေအားလုံးကလည်း စစ်အာဏာရှင်နောက်လိုက်မဟုတ်ဘူး။အဲဒါကိုလည်း သတိထားဖို့လိုတယ်။ ကျွန်တော်တို့ အဲဒီပုံစံနဲ့ သွားကြဖို့ အထူးတိုက်တွန်းနှိုးဆော်လိုပါတယ်” ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရာ၌ မညီညွတ်၍ မရကြောင်း၊ ရန်သူက KNUကို ပုံဖျက်ရန် ကြိုးပမ်းနေသည်ကို သတိပြုရမည်ဖြစ်ကြောင်းလည်း ပဒိုစောသမိန်ထွန်းက ပြောသည်။

KNUအနေဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းပြီး အာဏာရှင်အားလုံးကို တော်လှန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။