Connect with us

Hi, what are you looking for?

News

တိုက်ပွဲသတင်းများ အွန်လိုင်းပေါ်အလျင်စလိုမတင်ရန် KNU မေတ္တာရပ်ခံ

ပစ်ခတ်တိုက်မှုဖြစ်ပွားပြီးသည့်နောက်၌ဖြစ်စေ၊ စခန်းသိမ်းယူပြီးသည့်နောက်၌ဖြစ်စေ စစ်ရေးအစီအစဥ်အရ KNLA က ဆက်လက်လုပ်ဆောင်ရမည့်အရာများရှိနေသည်ဟု ဆိုသည်။

ကရင်အမျိုသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)
နှင့် အကြမ်းဖက်စစ်အုပ်စုတို့အကြား တိုက်ပွဲဖြစ်ပွားခြင်း၊KNLAမှ အကြမ်းဖက်စစ်အုပ်တို့၏ တပ်စခန်းများ ကိုတိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိရပါက online ပေါ်၌ အလျင်စလိုမတင်ရန် မေတ္တာရပ်ခံကြောင်း KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန် သည်။

ပစ်ခတ်တိုက်မှုဖြစ်ပွားပြီးသည့်နောက်၌ဖြစ်စေ၊ စခန်းသိမ်းယူပြီးသည့်နောက်၌ဖြစ်စေ စစ်ရေးအစီအစဥ်အရ KNLA က ဆက်လက်လုပ်ဆောင်ရမည့်အရာများရှိနေသည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ရေးလှုပ်ရှားမှုအကြောင်းအရာကို online ပေါ်၌ အလျင်စလိုတင်ပြီး ဖြန့်ဝေလိုက်ပါက ရန်သူကို သတင်းပေးပို့ရာသို့သက်ရောက်ပြီး စစ်မြေပြင်၌ KNLA ဆက်လက်လုပ်ဆောင်ရမည့် စစ်ရေးအစီအစဥ်ကို ထိခိုက်မှုဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားသည်။

ပုံမှန်အားဖြင့် KNLA နှင့် အကြမ်းဖက်စစ်အုပ်တို့ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုတို့သည် လေယာဥ်ဖြင့်လာရောက်ဗုံးကြဲပစ်ခတ်ခြင်း၊ စစ်ကူတပ်ဖွဲ့များစေလွတ်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် KNLA တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များပြီးဆုံး၍ လုံခြုံစိတ်ချသော နေရာသို့ ပြန်လည်ရောက်ရှိချိန်မှသာလျင် Onlineပေါ်၌ သတင်းများကို ဖြန့်ဝေကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။