Connect with us

Hi, what are you looking for?

News

မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ခိုလှုံသူတွေကို ထိုင်းအစိုးရ ဖမ်းဆီးဖို့စီစဉ်နေ

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်တဲ့အခါတိုင်း အိမ်နီးချင်းထိုင်းနိုင်ငံ အပေါ် ရိုက်ခတ်ခဲ့တဲ့သမိုင်းကြောင်းလည်းရှိတဲ့ အပြင် ထိုင်းနိုင်ငံဟာ စစ်အာဏာရှင်ကိုဆန့်ကျင်သူတွေအတွက် ခိုလှုံရာလည်းဖြစ်ခဲ့ပါတယ်။

မြန်မာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ နိုင်ငံအတွင်း တရားမဝင် ခိုလှုံနေသူတွေကို ထိုင်းအစိုးရဟာ ဖမ်းဆီးဖို့စီစဉ်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပံ့မှသာ ခိုလှုံလာသူ မြန်မာဒုက္ခသည်တွေကို လက်ခံမယ်လို့ အေးရှားတိုင်းမ် သတင်းစာမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်တဲ့အခါတိုင်း အိမ်နီးချင်းထိုင်းနိုင်ငံ အပေါ် ရိုက်ခတ်ခဲ့တဲ့သမိုင်းကြောင်းလည်းရှိတဲ့ အပြင် ထိုင်းနိုင်ငံဟာ စစ်အာဏာရှင်ကိုဆန့်ကျင်သူတွေအတွက် ခိုလှုံရာလည်းဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရ ကြီးစိုးချိန် ကာလတွေမှာ တိမ်းရှောင်ရတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရဟာ နှစ်နိုင်ငံ နယ်စပ် အနီးမှာ ဒုက္ခသည်စခန်းတွေကို ဖွင့်လှစ်ပေးခဲ့တာရှိပါတယ်။

ဒါပေမယ့်အခုတော့ ထိုင်းအစိုးရဟာ နိုင်ငံအတွင်း တရားမဝင် နေထိုင်ပြီး မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေသူတွေကို ဖမ်းဆီးချင်နေတာလို့ အေးရှားတိုင်းမ်းက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ခိုလှုံခွင့်တောင်းသူတွေကိုလည်း အနည်းငယ်ကိုသာ လက်ခံမှာဖြစ်ပြီး ဒါဟာလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ပံ့ပေးနေတဲ့ ကာလ အတွင်းမှာသာဖြစ်တယ်လို့ ဘန်ကောက်မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေကို ထိုင်းအစိုးရက အကြောင်းကြားထားတယ်လို့ သိရပါတယ်။

မြန်မာ့အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ထိုင်းဝန်ကြီးချုပ် တို့ကြားဆက်ဆံရေးဟာ အဆင်ပြေနေတယ်လို့သိရပြီး မြန်မာစစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေကို ထိုင်းအစိုးရဟာ နေရာမပေးတော့ဖို့ စီစဉ်လာတယ်လို့ အေးရှားတိုင်းမ်ရဲ့ ဖော်ပြချက်မှာ ပါရှိပါတယ်။

ကိုးကား − အေးရှားတိုင်းမ်

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook