Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းပြီး ၇ လကျော်အကြာ ကျဆင်းသွားတဲ့​ငွေတန်ဖိုး

ဒေါ်လာဈေးကို ဗဟိုဘဏ်က သတ်မှတ်ပေးပေမယ့်အဲဒီဈေးဟာ ဈေးကွက်မှာ အလုပ်မဖြစ်ဘူးလို့ သိရပါတယ်။

အရပ်သားအစိုးရကိုဖြုတ်ချ အာဏာသိမ်းပြီး ၇ လကျော်အကြာမှာတော့ မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျဆင်းနေသလို ပြည်တွင်း ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေးဟာလည်း တရှိန်ထိုးမြင့်တက် နေပါတယ်။

ရွှေဈေးဟာဆိုရင် အာဏာမသိမ်းခင် ဇန်နဝါရီလဈေးနဲ့ ၇ လကျော်အကြာ လက်ရှိ စက်တင်ဘာလ ပေါက်ဈေးနှိုင်းယှဉ်ရင် ငါးသိန်းခုနှစ်သောင်းကျော် ဈေးတက်လာတာကိုတွေ့ရပါတယ်။

အလားတူပါပဲ အမေရိကန် ဒေါ်လာဈေးဟာ တဒေါ်လာကို အာဏာမသိမ်းခင်က ၁၃၃၃ ကျပ်ရှိနေရာကနေ အခုတော့ ဈေးကွက်မှာ ၂၀၅၀ ထိ ရှိလာပါတယ်။

ဒါဟာ ပြည်တွင်းမှာသမိုင်းတလျောက် အမြင့်ဆုံး စံချိန်တင်ဈေးနှုန်းတွေလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်လာဈေးကို ဗဟိုဘဏ်က သတ်မှတ်ပေးပေမယ့်အဲဒီဈေးဟာ ဈေးကွက်မှာ အလုပ်မဖြစ်ဘူးလို့ သိရပါတယ်။

ငွေလဲကောင်တာတစ်ခုကိုဆို သူတို့ရဲ့ဖေ့ဘွတ်ခ်မှာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ဈေးနဲ့ လာရောက်သူ အလွန်နည်းပါးတယ်လို့ရေးသားထားပါတယ်။ ဒါကြောင့် အဲဒီဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ ပြန်ရောင်းဖို့အခက်အခဲရှိတာကို နားလည်ပေးကြဖို့မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။