ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၃ရက်ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် လက်ရှိအခြေအနေများအပေါ်အဖွဲ့၏ မူဝါဒသဘောထား ထုတ်ပြန်ချက်ကို ထောက်ခံကြိုဆိုကြောင်း KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ရှိ ပြည်သူများ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန် သည်။

စက်တင်ဘာ ၁၂ရက်က ပြုလုပ်ခဲ့သည့်အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူများသည် KNU ဗဟို၏ ထုတ်ပြန်ချက်သည် ပြည်သူတို့၏ မျှော်လင့်ချက်ဖြစ်သည်၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး၊ ဒလန်ဆိုတာ လူသတ်မှုတိုင်းရဲ့ ကြံရပါ၊ ပြည်သူ့အစိုးရသည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ဖြစ်ပါသည် စသည့်စာသားများ ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။
KNU ဗဟိုက စက်တင်ဘာ ၃ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် KNUသည် ဖက်ဒရယ် နှင့်ဒီမိုကရေစီ စနစ်ကို မြှင့်တင်ရန် ခိုင်မာသော ကတိကဝတ်နှင့် လိုက်နာဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲ၍ အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဟု ဖော်ပြခဲ့သည်။
