Connect with us

Hi, what are you looking for?

News

KNU၏ စစ်အာဏာရှင်တော်လှန်ရေးသဘောထားထုတ်ပြန်ချက်ကိုကြိုဆိုဟု ဒေသခံများ ဆန္ဒထုတ်ဖော်

KNU ဗဟိုက စက်တင်ဘာ ၃ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် KNUသည် ဖက်ဒရယ် နှင့်ဒီမိုကရေစီ စနစ်ကို မြှင့်တင်ရန် ခိုင်မာသော ကတိကဝတ်နှင့် လိုက်နာဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲ၍ အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဟု ဖော်ပြခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၃ရက်ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် လက်ရှိအခြေအနေများအပေါ်အဖွဲ့၏ မူဝါဒသဘောထား ထုတ်ပြန်ချက်ကို ထောက်ခံကြိုဆိုကြောင်း KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ရှိ ပြည်သူများ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန် သည်။

စက်တင်ဘာ ၁၂ရက်က ပြုလုပ်ခဲ့သည့်အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူများသည် KNU ဗဟို၏ ထုတ်ပြန်ချက်သည် ပြည်သူတို့၏ မျှော်လင့်ချက်ဖြစ်သည်၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး၊ ဒလန်ဆိုတာ လူသတ်မှုတိုင်းရဲ့ ကြံရပါ၊ ပြည်သူ့အစိုးရသည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ဖြစ်ပါသည် စသည့်စာသားများ ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။

KNU ဗဟိုက စက်တင်ဘာ ၃ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် KNUသည် ဖက်ဒရယ် နှင့်ဒီမိုကရေစီ စနစ်ကို မြှင့်တင်ရန် ခိုင်မာသော ကတိကဝတ်နှင့် လိုက်နာဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲ၍ အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဟု ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။