Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်အဓိကပိုင်သော Mytel တာဝါတိုင်များ ဗုံခွဲဖျက်ဆီးထားမှုပြုပြင်ပေးသူကို ပစ်ဒဏ်ပေးမည်ဟုAPA ကြေညာ

Mytel တာဝါတိုင်များကိုလာရောက်ပြုပြင်သူ စစ်ကောင်စီဒေါက်တိုင်မှန်သမျှ မည်သူကိုမဆို လုံးဝသက်ညှာသွားမည်မဟုတ်ဘဲ ပြစ်ဒဏ်ပေးအပ်သွားမည်ဖြစ်ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အား စု-Ayadaw People’s Alliance (APA)ကထုတ်ပြန်သတိပေးသည်။

စစ်ကိုင်းတိုင်းအရာတော်မြို့နယ်အတွင်းရှိ ၎င်းတို့ဖောက်ခွဲဖျက်ဆီးထားသည့် စစ်အာဏာရှင်များ အဓိကပိုင်ဆိုင်သည့် Mytel တာဝါတိုင်များကိုလာရောက်ပြုပြင်သူ စစ်ကောင်စီဒေါက်တိုင်မှန်သမျှ မည်သူကိုမဆို လုံးဝသက်ညှာသွားမည်မဟုတ်ဘဲ ပြစ်ဒဏ်ပေးအပ်သွားမည်ဖြစ်ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အား စု-Ayadaw People’s Alliance (APA)ကထုတ်ပြန်သတိပေးသည်။

စက်တင်ဘာ၈ရက်နှင့်၉ရက် နှစ်ရက်အတွင်း အရာတော်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင် ၁၁ခုကို အောင်မြင်စွာ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ထိုတာဝါတိုင်အပျက်အစီးများအား အမိန့်အရဖြစ်စေ၊ တာဝန်အရဖြစ်စေ လာရောက်ပြုပြင်သူ စစ်ကောင်စီတပ်သား/စစ်ကောင်စီဝန်ထမ်း မည်သူ့ကိုမှ (လုံးဝ)သက်ညှာသွားမည်မဟုတ်ဘဲ အပြစ်ဒဏ်ပေးအပ်သွားမည်ဖြစ်ကြောင်းသတိပေးချက်ကို APAက စက်တင်ဘာ၁၁ရက်တွင် သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကားများ တပ်ကူမသွားလာနိုင်စေရန် လမ်းပိတ်ဆို့ထားသည်ကို ရှင်းလင်းပေးရန် မီးသတ်ဝန်ထမ်းများအား စစ်ကောင်စီတပ်များက ခိုင်းစေခဲ့‌ကြောင်း၊ ဤတစ်ကြိမ်တွင် မီးသတ်ဝန်ထမ်းများ၏ အသက်ကို ငဲ့ညှာ၍ မိမိတို့တော်လှန်ရေးအင်အားစုက လက်ရှောင်ပေးခဲ့‌သော်လည်း နောက်နောင်၌ စစ်ကောင်စီလက်အောက်တွင် ရုံးတက်အမှုထမ်းနေသော မည်သည့်ဝန်ထမ်းမဆို ခြွင်းချက်မထားဘဲ မိမိတို့၏ အစီအစဉ်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း APAက အသိထားသည်။

ဒေသတွင်း၌အကြမ်းဖက်စစ်ကောင်စီတပ်များက နယ်မြေကူးပြောင်းသွားလာရာ၌ အရပ်သားကုန်ကားများ၊ ခရီးသည်တင်မှန်လုံကားများကို အသုံးပြုကာ အသွင်ယူသွားလာလျက်ရှိသောကြောင့် အရာတော်မြို့နယ်အတွင်းရှိ ရွှေဘို-မုံရွာလမ်းအရာတော်-မြင်းမူလမ်း၊ မုံရွာ-သာစည်လမ်း၊ နောင်ကြီးအိုင်လမ်း စသည့် လမ်းမကြီးများတွင် သွားလာကြသော ပြည်သူလူထုအနေဖြင့် မိမိတို့၏ ကုန်ကားအိမ်စီးကားလိုင်းကားများကို မိုးကာအုပ်ထားခြင်းမျိုးမပြုလုပ်ဘဲ ပြတင်းမှန်များချပြီးမှ မောင်းနှင်သွားလာကြပါရန် APAက ထုတ်ပြန်သတိပေးထားသည်။

Public Service Announcement

Public Service Announcement

Mytel ဖုန်းအော်ပရေတာလုပ်ငန်းသည်အာဏာသိမ်းစစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ ရှယ်ယာအများစုပိုင်ဆိုင်ထားပြီး ၊ ဗီယက်နမ်စစ်တပ်ပိုင် လုပ်ငန်းဖြစ်သော Viettel လုပ်ငန်းစုနှင့်ဖက်စပ်လုပ်ကိုင်နေသောလုပ်ငန်းဖြစ်သည်။ ယခုအခါ အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချရန် ၎င်း၏ စီးပွားရေးနှင့်ဆက်သွယ်ရေးထောက်တိုင်တစ်ခုဖြစ်သော Mytel ၏ တာဝါတိုင်များကို ဒေသတွင်းတော်လှန်ရေးအဖွဲ့များက မိုင်းခွဲတိုက်ခိုက်နေသဖြင့် တာဝါတိုင်ပေါင်း ၈၀ ကျော်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်အပြင် ဖိုဝါဒနဲ့ ဖိနှိပ်မှုမှန်သမျှကိုလည်း ဆန့်ကျင်တော်လှန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၈ရက်မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။