Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်အဓိကပိုင်သော Mytel တာဝါတိုင်များ ဗုံခွဲဖျက်ဆီးထားမှုပြုပြင်ပေးသူကို ပစ်ဒဏ်ပေးမည်ဟုAPA ကြေညာ

Mytel တာဝါတိုင်များကိုလာရောက်ပြုပြင်သူ စစ်ကောင်စီဒေါက်တိုင်မှန်သမျှ မည်သူကိုမဆို လုံးဝသက်ညှာသွားမည်မဟုတ်ဘဲ ပြစ်ဒဏ်ပေးအပ်သွားမည်ဖြစ်ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အား စု-Ayadaw People’s Alliance (APA)ကထုတ်ပြန်သတိပေးသည်။

စစ်ကိုင်းတိုင်းအရာတော်မြို့နယ်အတွင်းရှိ ၎င်းတို့ဖောက်ခွဲဖျက်ဆီးထားသည့် စစ်အာဏာရှင်များ အဓိကပိုင်ဆိုင်သည့် Mytel တာဝါတိုင်များကိုလာရောက်ပြုပြင်သူ စစ်ကောင်စီဒေါက်တိုင်မှန်သမျှ မည်သူကိုမဆို လုံးဝသက်ညှာသွားမည်မဟုတ်ဘဲ ပြစ်ဒဏ်ပေးအပ်သွားမည်ဖြစ်ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အား စု-Ayadaw People’s Alliance (APA)ကထုတ်ပြန်သတိပေးသည်။

စက်တင်ဘာ၈ရက်နှင့်၉ရက် နှစ်ရက်အတွင်း အရာတော်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင် ၁၁ခုကို အောင်မြင်စွာ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ထိုတာဝါတိုင်အပျက်အစီးများအား အမိန့်အရဖြစ်စေ၊ တာဝန်အရဖြစ်စေ လာရောက်ပြုပြင်သူ စစ်ကောင်စီတပ်သား/စစ်ကောင်စီဝန်ထမ်း မည်သူ့ကိုမှ (လုံးဝ)သက်ညှာသွားမည်မဟုတ်ဘဲ အပြစ်ဒဏ်ပေးအပ်သွားမည်ဖြစ်ကြောင်းသတိပေးချက်ကို APAက စက်တင်ဘာ၁၁ရက်တွင် သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကားများ တပ်ကူမသွားလာနိုင်စေရန် လမ်းပိတ်ဆို့ထားသည်ကို ရှင်းလင်းပေးရန် မီးသတ်ဝန်ထမ်းများအား စစ်ကောင်စီတပ်များက ခိုင်းစေခဲ့‌ကြောင်း၊ ဤတစ်ကြိမ်တွင် မီးသတ်ဝန်ထမ်းများ၏ အသက်ကို ငဲ့ညှာ၍ မိမိတို့တော်လှန်ရေးအင်အားစုက လက်ရှောင်ပေးခဲ့‌သော်လည်း နောက်နောင်၌ စစ်ကောင်စီလက်အောက်တွင် ရုံးတက်အမှုထမ်းနေသော မည်သည့်ဝန်ထမ်းမဆို ခြွင်းချက်မထားဘဲ မိမိတို့၏ အစီအစဉ်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း APAက အသိထားသည်။

ဒေသတွင်း၌အကြမ်းဖက်စစ်ကောင်စီတပ်များက နယ်မြေကူးပြောင်းသွားလာရာ၌ အရပ်သားကုန်ကားများ၊ ခရီးသည်တင်မှန်လုံကားများကို အသုံးပြုကာ အသွင်ယူသွားလာလျက်ရှိသောကြောင့် အရာတော်မြို့နယ်အတွင်းရှိ ရွှေဘို-မုံရွာလမ်းအရာတော်-မြင်းမူလမ်း၊ မုံရွာ-သာစည်လမ်း၊ နောင်ကြီးအိုင်လမ်း စသည့် လမ်းမကြီးများတွင် သွားလာကြသော ပြည်သူလူထုအနေဖြင့် မိမိတို့၏ ကုန်ကားအိမ်စီးကားလိုင်းကားများကို မိုးကာအုပ်ထားခြင်းမျိုးမပြုလုပ်ဘဲ ပြတင်းမှန်များချပြီးမှ မောင်းနှင်သွားလာကြပါရန် APAက ထုတ်ပြန်သတိပေးထားသည်။

Public Service Announcement

Public Service Announcement

Mytel ဖုန်းအော်ပရေတာလုပ်ငန်းသည်အာဏာသိမ်းစစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ ရှယ်ယာအများစုပိုင်ဆိုင်ထားပြီး ၊ ဗီယက်နမ်စစ်တပ်ပိုင် လုပ်ငန်းဖြစ်သော Viettel လုပ်ငန်းစုနှင့်ဖက်စပ်လုပ်ကိုင်နေသောလုပ်ငန်းဖြစ်သည်။ ယခုအခါ အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချရန် ၎င်း၏ စီးပွားရေးနှင့်ဆက်သွယ်ရေးထောက်တိုင်တစ်ခုဖြစ်သော Mytel ၏ တာဝါတိုင်များကို ဒေသတွင်းတော်လှန်ရေးအဖွဲ့များက မိုင်းခွဲတိုက်ခိုက်နေသဖြင့် တာဝါတိုင်ပေါင်း ၈၀ ကျော်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

ဆောင်းပါး

အသက် ၅၅ နှစ်အရွယ် ​တောင်သာမြို့နယ်ဇာတိ၊ ဒေါက်တာသက်အောင်သည် မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီးဖြစ်သည်။ Non CDM တစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၈ရက်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

သတင်း

လူမှုရေးဘဝ သာယာဝပြောမှုသည် လုံးဝဥဿုံ ပျက်စီးနေပြီး ယခင်က ရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုများအားလုံးသည်လည်း ပြောင်းပြန် အခြေအနေသို့ ရောက်ရှိနေကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။