Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်သားတွေ ရောင်ရဲတင်းတိမ်တဲ့စိတ်နဲ့ ရိုးသားကြိုးစားဖို့၊ ဝင်ငွေ၊ထွက်ငွေမျှတအောင်နေထိုင်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်တပ်နယ်ရှိ စစ်သည်၊ မိသားစုဝင်တွေကို တွေ့ဆုံခဲ့ရာ မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

(စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) စစ်လက်ရုံးရွေးချယ်ပွဲမှ ဗိုလ်လောင်းများနှင့် ထမင်းစားနေစဉ်)

ရောင်ရဲတင်းတိမ်တဲ့စိတ်နဲ့ ရိုးသားကြိုးစားဖို့၊ ဝင်ငွေ၊ ထွက်ငွေမျှတအောင်နေထိုင်ဖို့ အရာရှိ၊ စစ်သည်မိသားစု တွေကို အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မနေ့ကပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်တပ်နယ်ရှိ စစ်သည်၊ မိသားစုဝင်တွေကို တွေ့ဆုံခဲ့ရာ မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ခေတ်အဆက်ဆက် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ လုပ်ပိုင်ခွင့်အများအပြားနဲ့ ကျိ ကျိတက်ချမ်းသာနေကြပြီး အရာရှိ၊ စစ်သည်တွေကိုတော့ ရောင်ရဲတင်းတိမ်ဖို့၊ ဝင်ငွေ၊ ထွက်ငွေမျှတအောင်သုံးစွဲ ဖို့ ပြောဆိုနေတာလည်းဖြစ်ပါတယ်။

တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ် ရေးတာဝန်ဖြစ်ပြီး လိုအပ်ချက်အရ နိုင်ငံတော်တာဝန် တွေကို ခေတ္တတာဝန်ယူထမ်းဆောင်နေတာလို့ မင်းအောင်လှိုင်က ဝါဒဖြန့်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်းတယ်လို့ သတ်မှတ်ကြပြီး အာဏာသိမ်းမှုကို လက်မခံကြောင်းနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရထံကို အာဏာပြန်လွှဲဖို့ တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်း စစ်ကောင်စီကို ပြည်သူတွေရဲ့ခုခံတွန်းလှန်စစ်ကျယ်ပြန့်လာချိန်မှာ ပြည်သူ့ရင်ခွင်ကိုခိုလှုံ လာတဲ့ CDM တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ များပြားလာပြီး အဲဒီအချိန်မှာပဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စစ်စည်းကမ်းဟာ တပ်မတော်ရဲ့ ကျောရိုးပင်ဖြစ်ကြောင်းနဲ့ စည်းကမ်းသေဝပ်ကာ အမိန့်နာခံမှုကောင်းစွာနဲ့ လုပ်ဆောင်ကြစေလိုတယ်လို့ သိမ်းသွင်းစည်းရုံးခဲ့ပါတယ်။

အာဏာသိမ်း​​ခေါင်း​ဆောင်က ဗိုလ်​လောင်း​တွေကိုသာ ​ရောင့်ရဲတင်းတိမ်ဖို့​ပြော​ပေမယ့် သူနဲ့သူ့မိသားစုက အကြီးအကျယ် လာဘ်စားကြသူ​တွေပါ။

တပ်ချုပ်ရာထူးမရခင် စီးပွား​ရေးလုပ်ငန်းသိပ်မရှိ​သေး​ပေမယ့် တပ်ချုပ်ဖြစ်လာပြီး​နောက်ပိုင်းမှာ အာမခံလုပ်ငန်း ၊ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်း ၊​ ​​ဖျော်​ဖြေ​ရေးလုပ်ငန်း​တွေ၊ ဆေးရုံ ၊ စား​သောက်ဆိုင်လုပ်ငန်း ၊ Mytel ​အော်ပ​ရေတာမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူ စသဖြင့် ​​မြောက်များလှစွာ​​သောစီးပွား​ရေးများစွာကို ကာလတိုအတွင်း ပိုင်ဆိုင်လာကြပါတယ်။ အကြမ်းဖက်​ခေါင်း​ဆောင်ကိုယ်တိုင်အာဏာသိမ်းပြီး ပထမဆုံးသွားတဲ့ရုရှား ခရီးစဥ်မှာသူပတ်ထားတဲ့ PATEK Philippeနာရီဟာ အ​မေရိကန် ​ဒေါ်လာ ၄၃,၄၁၀ တန်​ကြေးရှိပါတယ် ။ လက်ရှိ​ဒေါ်လာ​ပေါက်​ဈေး ၁ ​ဒေါ်လာ ၂,၀၀၀ ကျပ်နဲ့ တွက်မယ်ဆိုရင် နာရီတန်​ဖိုးကကျပ်သန်း ၈၆၀ ကျော် ရှိပါတယ်။ သူ့ဇနီးဆိုရင်လည်းကိုင်တဲ့ လက်ကိုင် အိတ်တစ်လုံး ကျပ်သန်း ၅၀ ၊၆၀ တန်​တွေ ဖြစ်တဲ့အတွက် လာဘ်စားမှုရဲ့ပြယုဂ်​တွေအဖြစ် ပြည်သူ​တွေက​ဝေဖန်ကြပါတယ်။

ဒါ့အပြင် NLD အမတ် ဦးဘိုဘိုဦးက အကြမ်းဖက်​ခေါင်း​ဆောင်ဟာ အာဏာမသိမ်းခင်မှာ ၂၀၂၀ ​ရွေး​ကောက်ပွဲ အနိုင်ရ NLD ​ခေါင်း​ဆောင်​တွေကို သမ္မတရာထူးသူ့ကို​ပေးဖို့​တောင်းဆိုခဲ့ပြီး ငြင်းပယ်ခံရပြီးတဲ့​နောက်မှာ သူတစ်​ယောက်တည်းရဲ့ အာဏာရူးသွပ်မှု​ကြောင့် အာဏာသိမ်းခဲ့တာလို့ ယခင်အပတ်ကပဲ ​ပြောထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

'မင်းအောင်လှိုင်' ရဲ့ ရက် ၁၀၀ မူဝါဒကြေညာချက်ကို ဖတ်ပြီးနောက် ကျွန်တော် ပိုမိုယုံကြည်လာတာက ထိုင်းနိုင်ငံအနေနဲ့ ဒီလူရဲ့ ခရီးစဉ်ကို ပယ်ဖျက်သင့်တယ်ဆိုတာပါ!!

သတင်း

ဗြိတိန်နိုင်ငံအခြေစိုက်ရိုဟင်ဂျာအသင်း (BROUK)က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဖမ်းဆီးပြီး တရားခံအဖြစ် လွှဲပြောင်းယူနိုင်ရေးကြိုးစားပေးဖို့အာဂျင်တီးနားတရားရေးဌာနကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်ဖို့ဖိတ်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နဲ့ စစ်တပ် တရားဝင်မှုရရှိအောင် လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်