Connect with us

Hi, what are you looking for?

News

အကြမ်းဖက်မှုများဖြစ်ပေါ်စေသည့် တွေးခေါ်မှုများ၊ အပြုအမူများ အဆုံးသတ်နိုင်ရေးအားထုတ်ရမည်ဟု KNU ပြော

မြန်မာနိုင်ငံ၏ သမိုင်းတလျှောက်တွင် မလုံခြုံမှုများ၊ စိုးရိမ်ကြောင့်ကြမှုများ အကြမ်းဖက်မှုများ ညှင်းဆဲသတ်ဖြတ်မှုများနှင့် ငြိမ်းချမ်းမှုအတွက်အတားအဆီးများကို ဖြစ်ပေါ်စေသော တွေးခေါ်မှုများနှင့် အပြုအမူများကို ထာ၀စဉ် ကြုံတွေ့နေရသည်ဟုဆိုသည်။

အကြမ်းဖက်မှုများနှင့် ညှင်းဆဲသတ်ဖြတ်မှုများကို အားပေးအားမြောက်မှု ဖြစ်ပေါ်စေသော အတွေး အခေါ်များ၊ ထုံးတမ်းစဉ်လာများ၊ ယဉ်ကျေးမှုများ၊ ဖွဲ့စည်းတည်ဆောက်မှုစနစ်များကို ပြုပြင် ပြောင်းလဲပစ်ရန် မရှိမဖြစ်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ ၂၁ရက်)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ သို့ ပေးပို့သည့် KNU၏ သဝဏ်လွှာ၌ ယင်းသို့ ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်းတလျှောက်တွင် မလုံခြုံမှုများ၊ စိုးရိမ်ကြောင့်ကြမှုများ အကြမ်းဖက်မှုများ ညှင်းဆဲသတ်ဖြတ်မှုများနှင့် ငြိမ်းချမ်းမှုအတွက်အတားအဆီးများကို ဖြစ်ပေါ်စေသော တွေးခေါ်မှုများနှင့် အပြုအမူများကို ထာ၀စဉ် ကြုံတွေ့နေရသည်ဟုဆိုသည်။

ယခုကဲ့သို့တွေးခေါ်မှုများနှင့် အပြုအမူများကို အဆုံးမသတ်နိုင်ပါက ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေ မည်သာ ဖြစ်ကြောင်း KNU၏ သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် KNU အနေဖြင့် ယခုကဲ့သို့ အကြမ်း ဖက် မှုများနှင့် ဆက်စပ်နေသည့် အတွေးအခေါ်များနှင့် လုပ်ဆောင်မှုများ၏ ရန်များမှ တားဆီးခြင်း၊ ကာကွယ် ခြင်းနှင့် ပပျောက်စေခြင်းများအတွက် အားထုတ်လုပ်ဆောင်ကြရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ကမ္ဘာကြီးအား အေးချမ်းသာယာစေရန် အဓိက အရေး ကြီးသည့် အချက်သည် ကမ္ဘာ့လူသားများ အတွက် လုံခြုံမှုနှင့် အကြမ်းဖက်မှု အန္တရာယ်များမှ အကာ အကွယ်ပေးခြင်းဖြစ်သည်ဟုဆိုသည်။

ငြိမ်းချမ်းမှုများကို ရယူလိုသည့် စိတ်ဆန္ဒ တစ်ခုတည်းဖြင့် ငြိမ်းချမ်းရေးကို ရယူတည်ဆောက်ခြင်းသည် ပြည့်စုံလုံလောက်သည့် အချက်မဟုတ်ကြောင်း၊ ကမ္ဘာ့လူသားများအားအကာအကွယ် ပေးခြင်းအပြင် ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အကောင် အထည်ဖော်မှုများတွင် လက်တွေ့ပါဝင်လုပ်ဆောင် ခြင်း ဖြင့်သာလျင် ကမ္ဘာ့လူသားများအတွက် မျှော်လင့်ခြင်းများကို ပေးဆောင်နိုင်မည်ဖြစ်ကြောင်း KNU ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ကမ္ဘာ့လူသားများအတွက် အသက်အိုးအိမ်စည်းစိမ် ကျောင်းများနှင့် အသက်မွေးဝမ်းကျောင်းမှုများအား ဘက်ပေါင်းစုံမှ အကာအကွယ်ပေးရမည်ဖြစ်သည်ဟုဆိုသည်။ ထိုသို့ အကာအကွယ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခေါင်းဆောင်များနှင့် မျိုးဆက်သစ်လူငယ်များ၏ ပူးပေါင်းပါဝင်မှုများလည်း အထူးလိုအပ်ကြောင်း ဖော်ပြထားသည်။

KNU ဖွဲ့စည်းတည်ထောင်ခဲ့သည့် အဓိက ရည်ရွယ်ချက်သည် ပြည်သူလူထု၏ ရပ်ရွာ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်းများနှင့် အသက်မွေးဝမ်းကြောင်းမှုများကို အကာအကွယ်ပေးရန် ဖြစ်ကြောင်း၊ ထိုကဲ့သို့ အကာအကွယ်ပေးရေး လုပ်ငန်းများသည်လည်း ဧကန်အမှန်လိုအပ်ကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

ပြည်သူလူထုအတွက် ရသင့်ရထိုက်သော အခွင့်အရေးများ၊ တန်းတူညီတူမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမူဝါဒလမ်းစဉ်အတိုင်း မိမိတို့၏ ရည်မျန်းချက် ပန်းတိုင် အတိုင်း ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်းအားထုတ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုကဲ့သို့ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်နိုင်ရန်ကမ္ဘာ့လူသားများ၏အသက်အိုးအိမ် စည်း စိမ်နှင့်ရှင်သန်မှု အသက်မွေးဝမ်းကြောင်းမှုနှင့် လုံခြုံမှုအတွက် ကြိုးပမ်းအားထုတ်နေကြသည့် မည်သည့် ပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့အစည်းကို မဆို လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNUက ဆိုသည်။

ပြည်သူလူထု တစ်ရပ်လုံး အကြောက်တရားများ၊ စိုးရိမ်ကြောင့်ကြမှုများ၊ အသက်အိုးအိမ် စည်းစိမ်နှင့် ရပ်ရွာများအား ဖျက်ဆီးခံရခြင်းများမှ လွတ်မြောက်ကြပြီး လုံခြုံမှု ငြိမ်းချမ်းမှုနှင့် သာယာ၀ပြောခြင်းများကို ရရှိခံစားကြရပါစေဟုလည်း KNU ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook