Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၃)နှင့် စစ်ကောင်စီတပ် ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၀ဦးကျော်ထိခိုက်ဒဏ်ရာရ

KNU တပ်မဟာ(၃) တပ်ရင်း(၉) နယ်မြေအတွင်း၌ အာဏာသိမ်းစစ်ကောင်စီ တပ် ခလရ-၆၀ သည် သံဘိုစခန်းမှ ထွက်လာ ပြီး မူသယ်ကားလမ်းပေါ်သို့ တက်လာချိန် စက်တင်ဘာ ၂၁ရက် နံနက် ၅နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)နယ်မြေ သံဘို-မူသယ် ကားလမ်းပေါ်တွင် ယနေ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန် သည်။

KNU တပ်မဟာ(၃) တပ်ရင်း(၉) နယ်မြေအတွင်း၌ အာဏာသိမ်းစစ်ကောင်စီ တပ် ခလရ-၆၀ သည် သံဘိုစခန်းမှ ထွက်လာ ပြီး မူသယ်ကားလမ်းပေါ်သို့ တက်လာချိန် စက်တင်ဘာ ၂၁ရက် နံနက် ၅နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

နေ့လည် ၁၂နာရီခန့်တွင် ဆောမီးလူဒေသ၌ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ် ဘက်မှ ၂၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း KNU တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိမရှိကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်သည် သံဘို-မူသယ် ကားလမ်းကို ဒေသခံများ ကန့်ကွက်သည့် ကြားမှ ပြန်လည် ဖောက်လုပ်ခဲ့၍ အဆိုပါဒေသ၌ ယခင်ကလည်း တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်ဟု ဆိုသည်။

ထို့အတူ မူသယ်စခန်း၌ တပ်ချနေသော စစ်ကောင်စီ တပ် မှလည်း ဒေသခံများ ၏ လုပ်ငန်းခွင်များသို့ လက်နက်ကြီး ပစ်ခတ်ခြင်းများ မကြာခဏ လုပ် ဆောင်နေကြောင်း KNU၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုသို့ စစ်ရေးလှုပ်ရှားနေမှုများကြောင့် ကျောက်ကြီးမြို့နယ် ခဲဒဲကျေးရွာအုပ်စု မှ ပြည်သူလူထုများ မှာ ကျေးရွာအတွင်းတွင် နေထိုင်ရန် ကြောက်လန့်နေကြပြီး တောတောင်များထဲတွင် ရှောင်တိမ်း ပုန်းအောင်း နေကြရကြောင်း၊ KNU တပ်မဟာ(၃) နယ်မြေ အတွင်းထွက်ပြေးတိမ်းရှောင်နေကြ ရသော စစ်ဘေး ရှောင် ဒုက္ခသည်ဦးရေ ၅,၀၀၀ခန့် ရှိပြီ ဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။