Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ကိုဖြုတ်ချပြီးပါက ​တော်လှန်​ရေးကာလထိခိုက်နစ်နာခဲ့​သော ပြည်သူများအတွက် ပြန်လည်ထူ​ထောင်​ရေး​သေချာစွာ​ဆောင်ရွက်မည်ဟု NUG ဝန်ကြီး​ကတိပြု

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့ ထုတ်ပြန်ကြေငြာခြင်းဖြစ်သည်။

စစ်အာဏာရှင်ကို ဖြုတ်ချပြီး ပြည်သူ့အာဏာ ပြည်သူလက်ထဲ ပြန်ရောက်ပါက တော်လှန်ရေးကာလအတွင်း ထိခိုက်ခဲ့ သည့်ပြည်သူများအတွက်ပြန် လည်ထူထောင်ရေး သေချာစွာ ပြန်လည်ဆောင်ရွက်ပေးသွားမည်ဟု အာမခံကြောင်း NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြည်သူများသို့ အသိ ပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့ ထုတ်ပြန်ကြေငြာခြင်းဖြစ်သည်။

” ပြည်သူ့ခုခံတော်လှန်ပွဲတွေမှာ ပြည်သူ့ကာကွယ် ရေးအဖွဲ့များက လက်နက်မရှိတဲ့ အရပ်သားပြည်သူတွေ ထိခိုက်မှု တတ်နိုင်သမျှနည်းအောင် အထူးကြိုးပမ်းဆောင်ရွက်ကြပေမဲ့ အကြမ်းဖက်စစ်တပ်ဟာ နည်းလမ်းမျိုးစုံနဲ့ လက်နက်မဲ့ ပြည်သူများကို အကြမ်းဖက် လုယက်သတ်ဖြတ်ခြင်း၊ အိမ်များကို မီးရှို့ခြင်း၊ လက်နက်ကြီးများနဲ့ လူနေအိမ်ရပ်ကွက်ကို ပစ်ခတ်ဖျက်ဆီးခြင်းများစတဲ့ လုပ်ရပ်မျိုးစုံကို ကျူးလွန်နေပါတယ်”ဟု ဝန်ကြီးက ပြောသည်။

ဆက်လက်၍လည်း” တော်လှန်ရေးပြီးဆုံးလို့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ထူထောင်စဉ်ကာလအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သေချာစွာ ပြန်လည်လုပ်ဆောင်ပေးသွားကြမှာ ဖြစ်တယ်ဆိုတာ အာမခံပါတယ်” ဟု ကတိပေး သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် ပဋိပက္ခဘေးများသည် အကြမ်းဖက် စစ်ကောင်စီ ပြုတ်ကျမှသာ ရပ်တန့်သွားမည် ဖြစ်၍ တော်လှန်ရေးကို မြန်မြန်ပြီးဆုံးနိုင်အောင် NUG အစိုးရအနေ​ဖြင့် ပြည်သူနှင့်အတူတူ အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဆိုသည်။

(စစ်​ကောင်စီတပ်သားများ၏ အကြမ်းဖက်မှု​ကြောင့် ချင်းပြည်နယ် ဖလန်းမြို့နယ် Satawm ​ကျေးရွာ​ဒေသခံများ တစ်ဖက်ကမ်းရှိ ဇိုမီရမ်ပြည်နယ်အတွင်း ခိုလုံရန်သွား​ရောက်​နေစဥ်၊ ဓာတ်ပုံ – Lal Swam Lian)

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။