Connect with us

Hi, what are you looking for?

News

တိုက်ပွဲဖြစ်သည့် KNUတပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်အင်အား ၂၀၀ခန့်ဖြင့် စစ်ရေးလှုပ်ရှား​နေ

ယမန်နေ့ ည ၁၀နာရီခန့်တွင် သံဘိုမှ ကျောက်ကြီးသို့ ခန့်မှန်းအင်အား ၂၀၀ခန့်ပါသော စကောင်စီယာဉ် ၈စီး ဆင်းလာပြီး နာရီဝက်အကြာတွင် သံဘိုသို့ ကားများခါလီဖြင့် ပြန်သွားသည်ဟု KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့် ဖြင့် စစ်ရေးလှုပ်ရှားမှု ဆက်လုပ်နေကြောင်း KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

ယမန်နေ့ (စက်တင်ဘာ ၂၁ရက်)က သံဘို – မူသယ် ကားလမ်းတွင် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကေင်စီတပ်မှ ၂၀ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ ည ၁၀နာရီခန့်တွင် သံဘိုမှ ကျောက်ကြီးသို့ ခန့်မှန်းအင်အား ၂၀၀ခန့်ပါသော စကောင်စီယာဉ် ၈စီး ဆင်းလာပြီး နာရီဝက်အကြာတွင် သံဘိုသို့ ကားများခါလီဖြင့် ပြန်သွားသည်ဟု KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ တပ်အင်အား (၂၀၀) ခန့် သည် စက်တင်ဘာလ (၂၁) ရက် နေ့ ည (၁၂)နာရီ အချိန်တွင် ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာ သို့ ဝင်ရောက်လာပြီး ထိုမှ တဆင့် ဂမုန်းအိုင်ကျေးရွာ သို့ နံနက် (၄) နာရီ အချိန်တွင် ထပ်မံရောက်သွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ကျောက်ကြီးချောင်း ဘက်သို့ ဆက်လက်သွားရောက်ကာ ချောင်းကမ်းနဘေး တလျှောက်နှင့် တောတောင်ထဲတွင် သွားလာ လှုပ်ရှားနေကြောင်း၊ အာဏာသိမ်းစစ်ကောင်စီတပ်များသည် KNU ထိန်းချုပ်ရာ နယ်မြေများ အတွင်း အကြောင်းပြချက် မရှိဘဲ ကျူးကျော် သွားလာလှုပ်ရှားမှုများကို တိုးမြှင့်လုပ် ဆောင်နေသောကြောင့် ဒေသခံ မိဘပြည်သူများ စိုးရိမ်ကြောက်လန့်နေကြရကြောင်း KNU သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ထို့ပြင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA နှင့် စစ်ကောင်စီတပ် အကြား မကြာခဏ ထိပ်တိုက် တွေ့ဆုံ ပစ်ခတ်မှုများ ပိုမို ဖြစ်ပေါ်လာနေကြောင်း ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။