Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘန်ကောက်ကို ပြည်ဝင်ခွင့်ပြန်ဖွင့်ဖို့ နိုဝင်ဘာ ထဲမှ ဖြစ်နိုင်မယ်

ဘန်ကောက်မြို့တော်ဝန်ကတော့ ဘန်ကောက်မြို့ပေါ်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးမထားသေးဘဲ ဖွင့်ဖို့ကမဖြစ်နိုင်ဘူးလို့ ပြောထားပြီးတော့ အဲဒါမှပဲ ကူးစက်မှုရော ဆေးရုံတက်ရောက်ရတဲ့အရေအတွက်ရော ကျဆင်းမှာဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ လူဦးရေရဲ့ အနည်း ၇၀ ရာခိုင်နှုန်းကျော် ဒီလကုန်မှာ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြည့်ခဲ့ရင် နိုဝင်ဘာ ၁ ရက်မှာ နိုင်ငံခြားသားဧည့်သည်တွေကို ဝင်ရောက်ခွင့်ပြန်လက်ခံမယ်လို့ ကိုဗစ်အခြေအနေစီမံရေးစင်တာက ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ကပိုင်းကတော့ ထိုင်းနိုင်ငံဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ မှာ ပြန်ဖွင့်မယ်လို့ ပြောခဲ့ပြီးနောက် အစိုးရအဖွဲ့အတွင်း ကန့်ကွက်မှုတွေရှိခဲ့တာပါ။

ဘန်ကောက်မြို့တော်ဝန်ကတော့ ဘန်ကောက်မြို့ပေါ်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးမထားသေးဘဲ ဖွင့်ဖို့ကမဖြစ်နိုင်ဘူးလို့ ပြောထားပြီးတော့ အဲဒါမှပဲ ကူးစက်မှုရော ဆေးရုံတက်ရောက်ရတဲ့အရေအတွက်ရော ကျဆင်းမှာဖြစ်တယ်လို့ ပြောပါတယ်။

မြို့တော်ဝန်ကတော့ ပြန်ဖွင့်ဖို့အတွက် အချိန်ကို နိုဝင်ဘာလဆန်း ဒါမှမဟုတ် နိုဝင်ဘာလလယ်လောက်ကို ခန့်မှန်းထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကိုဗစ်အခြေအနေစီမံရေးစင်တာ CCSA ကတော့ ဘန်ကောက်မှာရှိတဲ့ လူဦးရေ ၇ သန်းရဲ့ ၄၂ ရာခိုင်နှုန်းကို ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးပြီးလို့ ပြောထားပါတယ်။

CCSA ရဲ့ ပြောရေးဆိုခွင့်ရှိသူပြောတာကတော့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံဖို့က ဒီလကုန်လောက်မှာ ပြီးစီးနိုင်မှာဖြစ်ပြီးပြီးတော့ ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာနကိုလည်း နိုဝင်ဘာ ၁ ရက်မှာ ခရီးသွားတွေပြန်ဖွင့်နိုင်ဖို့ အကြံပြုချက်ပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ ပြန်ဖွင့်ခဲ့ရင် အခုလိုပဲ ဟိုတယ်ကွာရန်တင်းနှစ်ပတ်ပဲ ဆက်ရှိနေမလား၊ လျှော့ပေ့ါမလားဆိုတာကိုလည်းမသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ငွေစင်ပုလဲအေဂျင်စီက ငါးသေတ္တာနှင့် ကြက်သားစက်ရုံတို့ ပို့ဆောင်အလုပ်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ အလုပ်မရသေးဟု ဆိုသည်။

သတင်း

KNU တပ်မဟာ(၆)သည် နယ်မြေအတွင်းရှိ တပ်စခန်းများအပြင် စစ်ကောင်စီတပ်ရင်းဌာနချုပ်များကိုပါ တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်လာခြင်းဖြစ်သည်။

သတင်း

သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

သတင်း

တရုတ် − မြန်မာ နယ်စပ် လောက်ကိုင်မြို့ဟာ လောင်းကစားဝိုင်းတွေကြောင့် နာမည်ကျော်ပြီး နိုင်ငံခြားသားတွေလည်း လာရောက်လုပ်ကိုင်ကြတာရှိပါတယ်။