Connect with us

Hi, what are you looking for?

News

ဘန်ကောက်ကို ပြည်ဝင်ခွင့်ပြန်ဖွင့်ဖို့ နိုဝင်ဘာ ထဲမှ ဖြစ်နိုင်မယ်

ဘန်ကောက်မြို့တော်ဝန်ကတော့ ဘန်ကောက်မြို့ပေါ်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးမထားသေးဘဲ ဖွင့်ဖို့ကမဖြစ်နိုင်ဘူးလို့ ပြောထားပြီးတော့ အဲဒါမှပဲ ကူးစက်မှုရော ဆေးရုံတက်ရောက်ရတဲ့အရေအတွက်ရော ကျဆင်းမှာဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ လူဦးရေရဲ့ အနည်း ၇၀ ရာခိုင်နှုန်းကျော် ဒီလကုန်မှာ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြည့်ခဲ့ရင် နိုဝင်ဘာ ၁ ရက်မှာ နိုင်ငံခြားသားဧည့်သည်တွေကို ဝင်ရောက်ခွင့်ပြန်လက်ခံမယ်လို့ ကိုဗစ်အခြေအနေစီမံရေးစင်တာက ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ကပိုင်းကတော့ ထိုင်းနိုင်ငံဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ မှာ ပြန်ဖွင့်မယ်လို့ ပြောခဲ့ပြီးနောက် အစိုးရအဖွဲ့အတွင်း ကန့်ကွက်မှုတွေရှိခဲ့တာပါ။

ဘန်ကောက်မြို့တော်ဝန်ကတော့ ဘန်ကောက်မြို့ပေါ်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးမထားသေးဘဲ ဖွင့်ဖို့ကမဖြစ်နိုင်ဘူးလို့ ပြောထားပြီးတော့ အဲဒါမှပဲ ကူးစက်မှုရော ဆေးရုံတက်ရောက်ရတဲ့အရေအတွက်ရော ကျဆင်းမှာဖြစ်တယ်လို့ ပြောပါတယ်။

မြို့တော်ဝန်ကတော့ ပြန်ဖွင့်ဖို့အတွက် အချိန်ကို နိုဝင်ဘာလဆန်း ဒါမှမဟုတ် နိုဝင်ဘာလလယ်လောက်ကို ခန့်မှန်းထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကိုဗစ်အခြေအနေစီမံရေးစင်တာ CCSA ကတော့ ဘန်ကောက်မှာရှိတဲ့ လူဦးရေ ၇ သန်းရဲ့ ၄၂ ရာခိုင်နှုန်းကို ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးပြီးလို့ ပြောထားပါတယ်။

CCSA ရဲ့ ပြောရေးဆိုခွင့်ရှိသူပြောတာကတော့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံဖို့က ဒီလကုန်လောက်မှာ ပြီးစီးနိုင်မှာဖြစ်ပြီးပြီးတော့ ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာနကိုလည်း နိုဝင်ဘာ ၁ ရက်မှာ ခရီးသွားတွေပြန်ဖွင့်နိုင်ဖို့ အကြံပြုချက်ပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ ပြန်ဖွင့်ခဲ့ရင် အခုလိုပဲ ဟိုတယ်ကွာရန်တင်းနှစ်ပတ်ပဲ ဆက်ရှိနေမလား၊ လျှော့ပေ့ါမလားဆိုတာကိုလည်းမသိရသေးပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက လျှပ်စစ်နဲ့ ကုန်မာ ပစ္စည်းတွေ အဓိက ရောင်းချရာ စျေးတစ်ခုမှာ မီးလောင်မှု ဖြစ်ပြီး စျေးအဆောက်အအုံ အစိတ်အပိုင်းတချို့ ပြိုကျခဲ့ပါတယ်။

Facebook