Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်ရှိ စစ်​ကောင်စီလက်​အောက်ရှိဌာနအသီးသီးမှဝန်ထမ်းများ စက်တင်ဘာ၃၀​နောက်ဆုံးထားရပ်တန့်ရန် ​မြောင် PDF သတိပေး

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် နယ်ခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏ ထိပ်တိုက်တွေ့ကာ တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးရွာအချို့ကပြည်သူများလည်း စစ်​ဘေးရှောင်နေရသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ကောင်စီလက် အောက်ရှိ ဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများအား စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား ရပ်တန့်ကြရန် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က သတိပေးသည်။

မြောင်မြို့နယ်တွင် အများပြည်သူ လိုလားတောင်းတခြင်း မရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများလည်ပတ်ရန် ထောက်တိုင်အဖြစ် လုပ် ဆောင်ပေးနေသည့် ပြည့်သူ့ဝန်ထမ်းဟုအမည်ခံထားသော မည်သူမဆို လာမည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ ရပ်တန့်ကြရန် အသိပေးလိုက်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ကာ သတိပေးသည်။

သတိပေးခြင်းကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ပျက် ကွက်ခြင်းရှိပါက အကြမ်းဖက် စစ်ကောင်စီအား တော်လှန် ချေမှုန်းသကဲ့သို ၎င်း၏ ထောက်တိုင်အဖြစ်အသုံးချခံထားရသော စစ်ကောင်စီကျေးကျွန်များကိုပါ တစ်ပါတည်း အမြစ်ဖြုတ် သုတ်သင် ၊ရှင်းလင်းသွားမည် ဖြစ်ပြီး မည်သည့်အကြောင်းပြချက်မှ လက်ခံမည် မဟုတ်ကြောင်း၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ၏ သတိပေးနှိုးဆော်စာအား ဌာန အသီးသီးရှိ အကြမ်းဖက်စစ်ကောင်စီကျေးကျွန် ၊ ကျေနပ်စွာအသုံးချခံဝန်ထမ်းများအားလုံး မပျက်မကွက် လိုက်နာကြရန် နောက်ဆုံးအကြိမ် အဖြစ် ပြင်းထန်စွာ သတိပေးလိုက်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် နယ်ခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏ ထိပ်တိုက်တွေ့ကာ တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးရွာအချို့ကပြည်သူများလည်း စစ်​ဘေးရှောင်နေရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။