Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၃)နယ်မြေတိုက်ပွဲတွင် သေဆုံးသည့် စစ်ကောင်စီတပ်မှ အလောင်းများကို မြှုပ်နှံပေးခဲ့ဟု ထုတ်ပြန်၊ တပ်မဟာ(၁)နယ်မြေ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်မှ ၂၅ဦးသေ

ယင်းတိုက်ပွဲ၌ KNU တပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ကျ ဆုံးမှုမရှိခဲ့ကြောင်း၊ ပစ်ခတ်တိုက်မှုအပြီးတွင် အာဏာ သိမ်း စစ်ကောင်စီဘက်မှ စစ်ကူစစ်ထောက် လိုက်လာသောအဖွဲ့များသည် ၎င်းတို့အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) နယ်မြေ၌ စက်တင်ဘာ ၂၂ရက်မှ ၂၄ရက် အတွင်း တိုက်ပွဲ ၉ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း များကို မြှုပ်နှံပေးခဲ့ကြောင်း KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာက ယနေ့ သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ (၁) နှင့် တပ်မဟာ (၃) နယ်မြေများ၌ စက်တင်ဘာ ၂၂ရက် မှစ၍ တိုက်ပွဲဖြစ်ပွားမှု အခြေ အနေများကို စုစည်းဖော်ပြခဲ့ခြင်းဖြစ်သည်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေတွင်မူ စက်တင်ဘာ၂၂ ရက် မှ ၂၄ ရက်နေ့အထိ ၃ ရက်တာအတွင်း ပစ်ခတ်တိုက်ခိုက်မှု ၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ KNU တပ်မဟာ(၃) တပ်ဖွဲ့များ နေထိုင်ရာ မြေနီကုန်း နှင့် ဘုရားလေးကုန်း စသည့်နေရာများကို သိမ်းယူရန်အစီအစဥ်ဖြင့် တက်လာခဲ့ကြသောကြောင့် ထိတွေ့ ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပစ်ခတ်မှုတွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုများသောကြောင့် စစ်ကောင်စီ၏တပ်များသည် စက်တင်ဘာ ၂၄ရက်တွင် တပ် တစ်ဝက်ဆုတ်ခွာခဲ့ပြီး စက်တင်ဘာ ၂၅ရက်တွင် တပ်အားလုံး ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။ ယင်းသို့ ဆုတ်ခွာသွား၍ KNU တပ်ဖွဲ့များ သွားရောက်နေရာရှင်းလင်းရာ စစ်ကောင်စီတပ်၏အလောင်းများကို တွေ့ရ၍ အလောင်းများကို မြှုပ်နှံပေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း မည်မျှတွေ့သည်၊ စစ်ကောင်စီတပ်မှ အရေအတွက်မည်မျှ သေဆုံးသည် ဆိုခြင်းကိုမူ ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

သုံးရက်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့၍ လော်မူသော လော်မူပယ် ရွာသား ၆၅၀ကျော် တော်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိုးရွာသွန်းမှုများကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ထုတ်ပြန်ခဲ့သည်။

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်တွင် စက်တင် ဘာ ၂၂ရက်က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် သိမ်ဇရပ်ကားလမ်းမပေါ်၌ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ ၂၅ ယောက်သေဆုံးပြီးငါးယောက် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ထို့ပြင် ကားတစ်စီးလည်း ပျက်စီးခဲ့သည်ဟုဆိုသည်။

ယင်းတိုက်ပွဲ၌ KNU တပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ကျ ဆုံးမှုမရှိခဲ့ကြောင်း၊ ပစ်ခတ်တိုက်မှုအပြီးတွင် အာဏာ သိမ်း စစ်ကောင်စီဘက်မှ စစ်ကူစစ်ထောက် လိုက်လာသောအဖွဲ့များသည် ၎င်းတို့အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ စစ်ကောင်စီတပ်များအချင်းချင်း မှားယွင်းပစ်ခတ်မှုတွင် ပြည်သူလူထုသုံးဦးကို ထိမှန်ခဲ့သည့်အပြင် ပြည်သူလူထု၏ ကားတစ်စီးလည်း ထိမှန်ပျက်စီးခဲ့သည်ဟုဆိုသည်။

KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် ယခုရက်ပိုင်းအတွင်း တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၃)ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၅) ဖာပွန်ခရိုင်နှင့် တပ်မဟာ(၆) ဒူးပလာယာခရိုင် နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။