Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့် ပတ်သက်သူများကို စုံစမ်းမှတ်တမ်း တင်ထားပြီးဖြစ်ဟု ကလေးနှင့် Zoland PDF နှစ်ဖွဲ့ သတိပေးထုတ်ပြန်

ကလေးနှင့် Zoland ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ခုအကြား မဟာမိတ်အဖြစ် ပူးပေါင်းလှုပ်ရှားမည်ဖြစ် ကြောင်း စက်တင်ဘာ ၂၆ရက်က ကြေညာရာတွင် ယင်းသို့ ထည့်သွင်းထုတ်ပြန်ခဲ့သည်။

တွန်းဇံမြို့နယ် တီးတိန်မြို့နယ် ကလေး ကဘော်ဒေသများအတွင်း အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းကြသည့် လူပုဂ္ဂိုလ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်နေသူများ၏ အချက်အလက်များ၊ လှုပ်ရှားမှုများအားလုံးကို စုံစမ်း မှတ်တမ်းတင်ထားပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟု ကလေး PDFနှင့် Zoland PDFတို့က ထုတ်ပြန်သည်။

ကလေးနှင့် Zoland ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ခုအကြား မဟာမိတ်အဖြစ် ပူးပေါင်းလှုပ်ရှားမည်ဖြစ် ကြောင်း စက်တင်ဘာ ၂၆ရက်က ကြေညာရာတွင် ယင်းသို့ ထည့်သွင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ PDFနှစ်ဖွဲ့သည် နွေဦးတော်လှန် ရေးစတင်သည့်နေ့မှစ၍ အတူတကွလက်တွဲလုပ်ဆောင်ခဲ့ ကြသော သွေးချင်းညီနောင်များမှ ပေါက်ဖွားလာသည့်တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်သည်ဟု ဆိုသည်။

ပြည်သူထဲမှပေါက်ဖွားလာသည့် မိမိတို့အဖွဲ့အစည်းများသည် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်‌ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အစစ်အမှန်ရရှိရေး၊ ပြည်သူ့အာဏာ ပြည်သူ့ လက်ဝယ်တွင် အပြည့်အဝရှိရေး စသည့် ရည်မှန်းချက်များအတွက် မဆုတ်မနစ်တိုက်ပွဲဝင်သွားရန် သန္နိဌာန်ချထားသည်ဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီနှင့်တကွ ပြည်သူ့ဆန္ဒမပါဘဲ စစ်အာဏာ ရှင်ကဲ့သို့ပြုမူသည့် အဖွဲ့အစည်းများအားလုံးကို တိုက်ခိုက်ချေမှုန်းသွားမည်ဟု ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်နှင့် ကလေး ကဘော်ဒေသများအတွင်း တော်လှန်ရေးအဖွဲ့အသီးသီးနှင့် PDF အဖွဲ့များကို နှောက်ယှက်ကာ အကြမ်းဖက်စစ်ကောင်စီကို တနည်းနည်းဖြင့် ပူးပေါင်းကြသည့် အိန္ဒိယ၊ မြန်မာ နယ်စပ်တလျှောက်ရှိ လူပုဂ္ဂိုလ်များ နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ပြည်သူ့ဆန္ဒအားဆန့်ကျင်လျှက် ဆက်လက်ပြုမူ လှုပ်ရှားမည်ဆိုပါက မိမိတို့ညီနောင်မဟာမိတ်များမှ ပြန်လည်တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook