Connect with us

Hi, what are you looking for?

News

သံအမတ်ကြီးဦးကျော်မိုးထွန်း နောက်ထပ်အနည်းဆုံးတစ်နှစ် ကုလသမဂ္ဂမှာဆက်ရှိမယ်

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဌာနချုပ် ညီလာခံတစ်ခုမှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းတာကို ကန့်ကွက်ရှုတ်ချကြောင်း ရဲဝံ့စွာထုတ်ဖော် ပြောကြားခဲ့ပြီး မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်း ပြသခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းအဖြစ်ကနေထုတ်ပယ်ပြီး နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲခံထားရတဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ လက်ရှိရာထူးအတိုင်း လာမယ့် ၂၀၂၂ စက်တင်ဘာအထိ ကုလသမဂ္ဂဌာနချုပ်မှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရရှိမယ်လို့ သတင်းဌာနအချို့ကို ပြောကြားပါတယ်။

အခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အကြမ်းဖက်စစ်ကောင်စီရော၊ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ရော တက်ရောက်မိန့်ခွန်း(General Debate)ပြောကြားခွင့်မရခဲ့ပေမယ့် ဦးကျော်မိုးထွန်းက လက်ရှိအတိုင်း ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံကိုယ်စားပြုထိုင်ခုံကို ဆက်လက်ရရှိနေမယ်လို့နားလည်ထားကြောင်း BBC နဲ့ VOA သတင်းဌာနတွေနဲ့ ဆက်သွယ်မေးမြန်းမှုအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

“ဒီ စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းက လုံးဝ အသိအမှတ်ပြုခြင်း မရှိဘူးပေါ့နော်။ မရှိတဲ့အတွက် ကြောင့်လည်းပေါ့နော်၊ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ဒီလိုမျိုး မျက်နှာစာမှာ လက်ခံဖို့မရှိဘူး ဆိုတာကိုတော့ ကျနော် နိုင်ငံတွေ အတော်များများနဲ့ ပြောဆိုထားချက်အရ ဒါတွေကို သိထားရပါတယ်။ ဒါကြောင့်မို့လို့ပေါ့နော် စစ်ကောင်စီ ကိုယ်စားလှယ်ကတော့ ဘယ်လိုအနေအထားနဲ့ပဲ ဖြစ်ဖြစ် ဒီမှာ ကိုယ်စားပြုခွင့်ရဖို့ မရှိဘူးဆိုတာ မျိုးတော့ ကျနော် ပြောလို့ရပါတယ်” လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက VOA သတင်းဌာနကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဌာနချုပ် ညီလာခံတစ်ခုမှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းတာကို ကန့်ကွက်ရှုတ်ချကြောင်း ရဲဝံ့စွာထုတ်ဖော် ပြောကြားခဲ့ပြီး မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်း ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ သံအမတ်ကြီးဟာ ဦးကျော်မိုးထွန်းဟာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားအများစုနဲ့ စုဖွဲ့ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံထားပါတယ်။

တစ်ဖက်မှာလည်း NUG နဲ့အပြိုင် အကြမ်းဖက်စစ်ကောင်စီက ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရရှိရေးအတွက် စစ်သံမှူး အောင်သူရိန်ကို အမည်စာရင်းတင်သွင်းထားတာကြောင့် ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီ (Credentials Committee)က ဘယ်သူ့ကို ကိုယ်စားပြုခွင့်ပေးမလဲဆိုတာ ဆွေးနွေးဆုံးဖြတ်ဖို့ ရှိနေပါတယ်။

Credentials Committee ရဲ့ ဆုံးဖြတ်ချက် မချခင်အထိ လက်ရှိတာဝန်ထမ်းဆောင်ဆဲ သံအမတ်ကြီးဦးကျော်မိုး ထွန်းက မြန်မာနိုင်ငံကိုယ်စားပြုထိုင်ခုံမှာ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။