Connect with us

Hi, what are you looking for?

News

နွေဦးထီကံထူးရှင် ၇၅ ဦးထဲက ၆၂ ဦးမှာ ဆုကြေးကို ပြန်လည်လှူဒါန်း

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးထီရဲ့ ပထမဆုံး ထီဖွင့်လှစ်မှုကို ဒီနေ့ပြုလုပ်ခဲ့ပြီး ကံထူးရှင် ၇၅ ဦးထွက်ပေါ်ခဲ့ကာ ထီပေါက်စဉ်ကို ထီထိုးစဉ်ကလို နွေဦးထီ Chat Bot ထဲကနေ ထီတိုက်လို့ရကြောင်းလည်း အသိပေးထားပါတယ်။

‘အောင်လံလွှင့်ချီနွေဦးထီ’ ကံထူးခဲ့တဲ့ ၇၅ ထဲက ၆၂ ဦးဟာ ဆုကြေးအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရကို ပြန်လည်လှူဒါန်းမယ်လို့ဆန္ဒပြုထားကြောင်း နွေဦးထီမိသားစုက သတင်းထုတ် ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးထီရဲ့ ပထမဆုံး ထီဖွင့်လှစ်မှုကို ဒီနေ့ပြုလုပ်ခဲ့ပြီး ကံထူးရှင် ၇၅ ဦးထွက်ပေါ်ခဲ့ကာ ထီပေါက်စဉ်ကို ထီထိုးစဉ်ကလို နွေဦးထီ Chat Bot ထဲကနေ ထီတိုက်လို့ရကြောင်းလည်း အသိပေးထားပါတယ်။

“ကံထူးခဲ့တဲ့ ၇၅ ဦးထဲမှ ၆၂ ဦးဟာ မိမိတို့ရရှိတဲ့ဆုကြေးငွေများအား ပြန်လည်လှူဒါန်းဖို့ဆန္ဒပြုထား ကြတာကို အားတက်ဖွယ်ရာမြင်တွေ့ရပါတယ်။ ပြန်လည်လှူဒါန်းကြသူများကို အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးပို့သွားမှာဖြစ်ပါတယ်” လို့ နွေဦးထီမိသားစုက ဆိုပါတယ်။

ပြည်သူအပေါင်းရဲ့တက်ကြွတဲ့တော်လှန်ရေးစိတ်ဓါတ်၊ အောင်စိတ်အပြည့်နဲ့ဆက်လက်ချီတက်ကြမယ်ဆိုရင် ပြည်သူတို့ရဲ့နွေဦးတော်လှန်ရေးဟာ ကြိမ်းသေအောင် မြင်မယ်လို့ ကြွေးကြော် ထားပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးထီရဲ့အမြင့်ဆုံး ဆုကြေးဟာ ၁၅ သိန်းကျပ် ဖြစ်ပြီး ရောင်းရငွေစုစုပေါင်းရဲ့ ၃၀ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပြန်လည်ပေးအပ်ကာ ၇၀ ရာခိုင်နှုန်းကို အကြမ်းဖက်စစ်ကောင်စီကို အာဏာဖီ ဆန်ကြတဲ့ နိုင်ငံ့ဝန်ထမ်း CDMer တွေ အတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

News

အဲဒီအလှပြပြိုင်ပွဲမှာ ဆုရတဲ့ လှည်းယာဉ်တွေကို သင်္ကြန်အတက်နေ့က လူမြင်ကွင်းမှာ ဆုပေးခဲ့ပေမယ့် ပြန်လည်အပ်နှံခိုင်းခဲ့တာလို့ လှည်းယာဉ်ဆုရသူတွေနဲ့နီးစပ်သူတွေထံက တဆင့်သိရပါတယ်။

News

၂၀၂၁ ဒီဇင်ဘာလတွင် သိန်း ၁၀၀ အထူးဆု တစ်ဆု အပါအဝင်၊ ၁၅ သိန်း (၅၆) ဆု ဖွင့်လှစ်ပေးခဲ့ပြီး ကံထူးရှင် ၅၇ ဦးတွင် ၄၅ ဦးက ထီဆုကြေးများကို ပြန်လည်လှူဒါန်းခဲ့သည်ဟု NUGကထုတ်ပြန်ထားသည်။

News

လစဉ် နွေဦးထီ ရောင်းရငွေ စုစုပေါင်း ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကို တာဝန်သိ CDM ဝန်ထမ်းများအား ချီးမြှင့်သွားမည်ဟုလည်း NUGက ဆိုထားသည်။

Facebook