Connect with us

Hi, what are you looking for?

News

မန္တလေးသင်္ကြန်မှာ အလှပြလှည်းယာဉ်ဆုရတဲ့သူတွေထံက ဆုကြေးကို မန္တလေးစည်ပင်ပြန်တောင်း

အဲဒီအလှပြပြိုင်ပွဲမှာ ဆုရတဲ့ လှည်းယာဉ်တွေကို သင်္ကြန်အတက်နေ့က လူမြင်ကွင်းမှာ ဆုပေးခဲ့ပေမယ့် ပြန်လည်အပ်နှံခိုင်းခဲ့တာလို့ လှည်းယာဉ်ဆုရသူတွေနဲ့နီးစပ်သူတွေထံက တဆင့်သိရပါတယ်။

မန္တလေးသင်္ကြန်အကြိုနေ့က ပြုလုပ်ခဲ့တဲ့ အလှပြလှည်းယာဉ်ပြပွဲမှာ ဆုရသူတွေကိုစစ်ကောင်စီက ဆုကြေးချီးမြှင့်ခဲ့ပေမယ့်နောက်ကွယ်မှာတော့မန္တလေးစည်ပင်က ဆုကြေး ပြန်တောင်းသွားတယ်လို့သိရပါတယ်။

ဒီနှစ်မန္တလေးသင်္ကြန်ဖွင့်ပွဲနဲ့ ရတနာပုံအပန်းဖြေဥယျာဉ်ဖွင့်ပွဲတွေမှာ စစ်ကောင်စီက အလှပြလှည်းယာဉ်တွေကို ထည့်သွင်းပြသစေတာပါ။

အဲဒီအလှပြပြိုင်ပွဲမှာ ဆုရတဲ့ လှည်းယာဉ်တွေကို သင်္ကြန်အတက်နေ့က လူမြင်ကွင်းမှာ ဆုပေးခဲ့ပေမယ့် ပြန်လည်အပ်နှံခိုင်းခဲ့တာလို့ လှည်းယာဉ်ဆုရသူတွေနဲ့နီးစပ်သူတွေထံက တဆင့်သိရပါတယ်။

ဆုကြေးငွေပေးတာကို စစ်အုပ်စုရဲ့မန္တလေးဝန်ကြီးချုပ်က ချီးမြှင့်တာဖြစ်ပြီးစစ်တပ်ပိုင် ဝါဒဖြန့် ရုပ်သံကလည်း ထုတ်လွှင့်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဆုကြေးကို ပထမဆု ကျပ်သိန်း(၅၀)၊ ဒုတိယဆု ကျပ်(၄၅)သိန်းနဲ့ တတိယဆု ကျပ်သိန်း(၄၀) ချီးမြင့်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ လတ်တလောဆောက်လုပ်နေတဲ့ဆောက်လက်စ အဆောက် အဦးတွေအားလုံးရပ်ဆိုင်းထားဖို့နဲ့ စစ်ဆေးပြီးမှသာ ဆက် လက်ဆောက်လုပ်ခွင့်ပြုမယ်လို့ မန္တလေးစည်ပင်က မေလ ၁၀ ရက်မှာ ကြေညာပါတယ်။

သတင်း

သင်္ကြန်စည်ကားဖို့အတွက် မန္တလေးစည်ပင်က မဏ္ဍပ်တွေကို အခွန်အခမကောက်ဘဲ ကြိုက်နှစ်သက်ရာ နေရာမှာ ဆောက်လုပ်ခွင့်ပေးခဲ့တာပါ။

News

မန္တလေးမြို့ခံတစ်ဦးကတော့ အသံတိတ်သပိတ်နေ့မှာ လမ်းမပေါ် လူစည်ကားအောင် တမင်ကျင်းပတာလို့ ပြောပါတယ်။