မန္တလေးသင်္ကြန်အကြိုနေ့က ပြုလုပ်ခဲ့တဲ့ အလှပြလှည်းယာဉ်ပြပွဲမှာ ဆုရသူတွေကိုစစ်ကောင်စီက ဆုကြေးချီးမြှင့်ခဲ့ပေမယ့်နောက်ကွယ်မှာတော့မန္တလေးစည်ပင်က ဆုကြေး ပြန်တောင်းသွားတယ်လို့သိရပါတယ်။
ဒီနှစ်မန္တလေးသင်္ကြန်ဖွင့်ပွဲနဲ့ ရတနာပုံအပန်းဖြေဥယျာဉ်ဖွင့်ပွဲတွေမှာ စစ်ကောင်စီက အလှပြလှည်းယာဉ်တွေကို ထည့်သွင်းပြသစေတာပါ။
အဲဒီအလှပြပြိုင်ပွဲမှာ ဆုရတဲ့ လှည်းယာဉ်တွေကို သင်္ကြန်အတက်နေ့က လူမြင်ကွင်းမှာ ဆုပေးခဲ့ပေမယ့် ပြန်လည်အပ်နှံခိုင်းခဲ့တာလို့ လှည်းယာဉ်ဆုရသူတွေနဲ့နီးစပ်သူတွေထံက တဆင့်သိရပါတယ်။
ဆုကြေးငွေပေးတာကို စစ်အုပ်စုရဲ့မန္တလေးဝန်ကြီးချုပ်က ချီးမြှင့်တာဖြစ်ပြီးစစ်တပ်ပိုင် ဝါဒဖြန့် ရုပ်သံကလည်း ထုတ်လွှင့်ခဲ့ပါသေးတယ်။

Public Service Announcement
ဆုကြေးကို ပထမဆု ကျပ်သိန်း(၅၀)၊ ဒုတိယဆု ကျပ်(၄၅)သိန်းနဲ့ တတိယဆု ကျပ်သိန်း(၄၀) ချီးမြင့်ခဲ့တာဖြစ်ပါတယ်။
