Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကိုတော်လှန်နေသည့် ကထိကဆရာမတစ်ဦး၏ လွတ်မြောက်နယ်မြေမှ ယနေ့ ပုံရိပ်များ

ယခုအခါဆရာမသည် လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးအတွက် ကျရာနေရာမှ တာဝန်ထမ်းဆောင်လျှက်ရှိသည်။

ဓာတ်ပုံ - Radi Ohm

ဆရာမသည် ကလေးစက်မှုသိပ္ပံမှ ကထိက၊ဌာနမှူး ဒေါ်ရတီအုန်းဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၎င်း၏ ရည်မှန်းချက်ကို အောက်ပါအတိုင်း ရင်ဖွင့်ထားသည်။

“တိုက်ပွဲနိုင်မှ ပြန်လာခဲ့ပါမယ်။အသေနဲ့ အနိုင်နှစ်ခုရှိတဲ့အထဲက တစ်ခုကို ပိုင်ပိုင်ဆုပ်ပြီးအမေ့အိမ်ကို ပြန်ပါမယ်။ နိုင်မယ်ထင်လို့ လုပ်ခဲ့တာ မဟုတ်။ချောမွေ့မယ်ထင်လို့ လျှောက်ခဲ့တာ မဟုတ်။ ဘာကိုဖြင့် အရယူမယ် ဘာကိုဖြင့် လွှတ်ချမယ်။သေချာစဉ်းစားပြီးမှ ရွေးခဲ့တဲ့ လမ်း။အဆုံးသတ် အထိ လျှောက်မဲ့လမ်း၊ ဖောက်ခဲ့မဲ့ လမ်း။ ခြေထောက်ပေါက်ပြဲ ဖိနပ်ကကွဲနေပေမဲ့လည်းခရီးများ အဆုံးထိလျှောက်”ဟု သူမ၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယခုအခါဆရာမသည် လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးအတွက် ကျရာနေရာမှ တာဝန်ထမ်းဆောင်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook