Connect with us

Hi, what are you looking for?

News

KNU နယ်မြေများ၌ စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၆၀ကျော်ဖြစ်ကာ စစ်ကောင်စီတပ်မှ ၂၃၀ကျော်သေ

စက်တင်ဘာအတွင်းက KNU ဒူးသထူခရိုင်(သထုံခရိုင်) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေတွင် ပစ်ခတ်တိုက်ခိုက်မှု ၂၇ကြိမ် ဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်ဏီတပ်မှ ၇၃ဦးသေဆုံးကာ ၆၃ဦးဒဏ်ရာရရှိခဲ့ည်ဟု ဖော်ပြထားသည်။ ကား ခုနစ်စီးလည်း ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေများ၌ စက်တင်ဘာအတွင်းက တိုက်ပွဲပေါင်း ၂၆၅ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ၂၃၄ ဦးသေဆုံးကာ ၂၆၅ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနခွဲက ယနေ့ ထုတ်ပြန်သည်။

KNU တပ်မဟာနှင့် ခရိုင် ခုနစ်ခုရှိသည့်အနက် တပ်မဟာ(၇) ဘားအံခရိုင်မှအပ ကျန်တပ်မဟာ ၆ခု၏ နယ်မြေများ၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဆိုပါ နယ်မြေများသို့ စစ်ကောင်စီတပ်များနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့က စစ်ရေးလှုပ်ရှားလာ၍ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း KNU လက်အောက်ခံတပ်များဘက်က တိုင်းပြည် နှင့် လူမျိုးအတွက် ငါးဦး အသက်စွန့် ခဲ့ရပြီး ၁၀ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြီး KNU တပ်ဖွဲ့ဝင်များ ကျဆုံးထိခိုက်မှုနည်းခြင်းမှာ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်များကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခြင်းကြောင့်ဟု KNU တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

စက်တင်ဘာအတွင်းက KNU ဒူးသထူခရိုင်(သထုံခရိုင်) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေတွင် ပစ်ခတ်တိုက်ခိုက်မှု ၂၇ကြိမ် ဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်ဏီတပ်မှ ၇၃ဦးသေဆုံးကာ ၆၃ဦးဒဏ်ရာရရှိခဲ့ည်ဟု ဖော်ပြထားသည်။ ကား ခုနစ်စီးလည်း ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသ၌ အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ပြည်သူလူထု၏ လုပ်ငန်းခွင်အတွင်း နှင့် ပြည်သူလူထုများသွားလာရာလမ်းများပေါ်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများ ကြောင့် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကား တစ်စီးပျက်စီးခဲ့သည်ဟု ဆိုသည်။

KNU တောင်ငူခရိုင် တပ်မဟာ(၂)ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီဘက်မှလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေတွင် ပစ်ခတ်မှု ၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့များဘက်မှ ထိခိုက်သေဆုံးမှု ၅၀ ခန့်ရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါဒေသ၌ စစ်ကောင်စီ၏တပ်များသည် အပြစ်မဲ့ပြည်သူတစ်ဦးကို ဖမ်းဆီးခြင်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဒေသတွင်းရှိ ကျေးရွာအုပ်စုများအနေဖြင့် ကျေးရွာအုပ်စု တစ်စုလျင် လူငယ် ၃၀ဦး ပေးရန် ဆင့်ခေါ်ခဲ့ကြောင်း၊ မပေးပါက လိုက်လံဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ညောင်လေးပင်ခရိုင်အတွင်း၌ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထု လူဦးရေ ၅၆၀၀ နီးပါး ရှိသည်ဟုဆိုသည်။ စက်တင်ဘာလအတွင်း၌ ညောင်လေးပင်ခရိုင်သို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ထောက်လှမ်းမှု ခုနစ်ကြိမ် ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

KNU ဘိတ်/ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေတွင် ပစ်ခတ်တိုက်ခိုက်မှုငါးကြိမ် ဖြစ်ပွားခဲ့ပြီး အာဏသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့များဘက်မှ ၉ဦးသေ ၁၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်များဖြစ်သော ( ခမရ – ၄၀၅ နှင့် ၄၁၄ ) တပ်ဖွဲ့ တို့သည် ပြည်သူလူထု၏ ပိုက်ဆံ (၁၆) သိန်းကျပ် ၊ လက်ကိုင်ဖုန်းသုံးလုံး နှင့် ဆန်သုံး အိတ်စသည်တို့ကို အတင်းအဓမ္မ သိမ်းယူမှု ရှိခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ကေင်ဏီထောင်သည့်မိုင်းကို ပြည်သူတစ်ဦးနင်းမိခဲ့သည်ဟု ဆိုသည်။

KNU ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းတွင် ပစ်ခတ်တိုက်ခိုက်မှု ၂၁၃ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၃၆ဦး သေဆုံးကာ ၁၄၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန် သည်။

စစ်ကောင်စီ၏တပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်များသည် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာ နှင့် လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးမျာ ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် လူနေအိမ် (၁၀) လုံးကို ထိမှန်ပျက်စီးခဲ့သည့်အပြင် လက်နက်ကြီးပစ်ချမှု၊ လူသွားလမ်းများ၌ မိုင်း ထောင်ထားမှု နှင့် ဖမ်းဆီးရိုက်နှက်မှု များ တို့ကြောင့် အပြစ်မဲ့ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် တွင် ပစ်ခတ်တိုက်ခိုက်မှု (၆) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်းစစ်ကောင်စီ၏တပ်ဘက်မှ သုံးဦးသေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ဘုရားသုံးဆူ ကရင်စုနှင့် ချောင်းဆုံ သရက်ပင်ရှိ Mytel တာဝါတိုင်များကို အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်သောသူမျာမှ သွားရောက်ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

KNU အနေဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့နှင့် မဆိုလက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းအောင် တော်လှန်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာ တို့ တာဝန်ယူထားတယ်လို့ SCEF ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။