Connect with us

Hi, what are you looking for?

News

ကျောက်ဆည်က CDM တပ်သား လွတ်မြောက်နယ်မြေရောက်ရှိ

အဆိုပါ ပြည်သူ့တပ်သားအား အကြမ်းဖက်စစ်ကောင်စီမှ ကျောက်ဆည်မြို့တွင် အပူတပြင်း ရှာဖွေနေကြောင်းလည်း ဒေသသတင်းရင်းမြစ်များ၌ ဖော်ပြနေသည်။

ကျောက်ဆည်မြို့တွင် ပြည်သူ့အာဏာဖီဆန်ရေး (CDM)ပြုလုပ်သည့် တပ်သားတစ်ဦး နယ်မြေခံ PDF ၏အကူအညီဖြင့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိကြောင်း ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)က ယနေ့(အောက်တိုဘာ ၆ ရက်)တွင် ကြေညာသည်။

ကျောက်ဆည်မြို့ ရုံးပေါင်းစုံ ခရိုင်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူ ပြည်သူ့တပ်သား ထက်ဝေပိုင် (ကိုယ်ပိုင်အမှတ်-၅၄၅၅၀၅)သည် လွတ်မြောက်နယ်မြေသို့ ရောက်ရှိခဲ့ပြီး အောင်မြင်စွာ CDM ပြုလုပ်နိုင်ခဲ့ပြီဟု KPDFက ဆိုသည်။

ထို့အပြင် CDM ပြုလုပ်ခဲ့သောပြည်သူ့တပ်သား ထက်ဝေပိုင်သည် တော်လှန်ရေးတွင်လည်း ဆက်လက် ပါဝင်နေဦးမည်ဟု ကတိပြုကြောင်း KPDFက အသိပေးသည်။

အဆိုပါ ပြည်သူ့တပ်သားအား အကြမ်းဖက်စစ်ကောင်စီမှ ကျောက်ဆည်မြို့တွင် အပူတပြင်း ရှာဖွေနေကြောင်းလည်း ဒေသသတင်းရင်းမြစ်များ၌ ဖော်ပြနေသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ၇ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ခုခံတိုက်ခိုက်ရေးစတင်မည်ဖြစ်ကြောင်း ကြေညာပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း CDM ပြုလုပ်လာသည့် တပ်မတော်သား အများအပြားရှိလာပြီး အများစုမှာ ‌နယ်မြေခံ ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့များ၏ အကူအညီဖြင့် အောင်မြင်စွာ CDM ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

ထို့အတွက် ပြည်သူ့တပ်မတော်သားများအနေဖြင့် နီးစပ်ရာ နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသို့ ချိတ်ဆက်ပူးပေါင်း၍ CDM တွင်ပါဝင်ကြရန်လည်း NUG က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က တပ်သား ငါးဦးဟာ ကားနဲ့ လက်နက်တွေယူလာပြီး အလင်းဝင်လာတယ်လို့ ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းက ဒီကနေ့ ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။