Connect with us

Hi, what are you looking for?

News

အာရှလမ်းအနီးမှာ စစ်​ကောင်စီတပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ဒေါနတောင်ခြေတစ်နေရာမှာ ဖြစ်ပွားခဲ့တာပါ။

File Photo

ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲ ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တို့ကြား ဒီက​နေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ဒေါနတောင်ခြေတစ်နေရာမှာ ဖြစ်ပွားခဲ့တာပါ။

File Photo

ဒီကနေ့ မနက် ၇ နာရီခွဲအချိန်က ကော့ကရိတ် မြဝတီ အာရှလမ်းမအနီးမှာရှိတဲ့ ကေအဲန်ယူရဲ့မွေးမြူရေးဇုန်နဲ့ ရေလုပ်ငန်းဇုံအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က နယ်မြေကျော်ပြီး ရောက်ရှိလာခဲ့တာပါ။

ဒီလို နယ်မြေကျော်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ နယ်မြေခံ KNLA အရာရှိတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

File Photo

” မနေ့က အာရှလမ်းမရဲ့ ကိုက် ၃၀၀ အကွာမှာရှိတဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေမှာ သူတို့လှုပ်ရှားမှုရှိတယ်။ ဒီမနက်မှာ ထိပ်တိုက်တွေ့ဆုံပြီးတော့ ထိတွေ့မှုဖြစ်တာ သူတို့ဘက်က ၃ ယောက်သေတယ်” နယ်မြေခံ KNLA အရာရှိတစ်ဦးက ဆိုပါတယ်။

သေဆုံးသွားခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ခမရ ၅၅၆ တပ်ဖြစ်ပြီး အခုအချိန်မှာတော့ အဲ့ဒီနေရာဝန်းကျင်တစ်ဝိုက်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြင့်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook