Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှီးပဒီး အခြေပြု ဆေးဝါးတစ်မျိုးက ကင်ဆာကုသမှုမှာ သာမန်ထက် အဆ ၄၀ လောက် အစွမ်းထက်နေ

uCanaနဲ့ ပူးပေါင်းပြီး ကင်ဆာရောဂါ ကုသတဲ့ ဆေးဝါး ဖော်မြူလာတချို့ စမ်းသပ် တီထွင်ခဲ့ပါတယ်။ အဲဒီထဲမှာ NUC-7738လို့ ကုဒ်နာမည် မှည့်ထားတဲ့ ဆေးဝါးကတော့ ဟိမဝန္တာနဲ့ ဆက်စပ် တောင်တန်းတွေမှာ ပေါက်ရောက်လေ့ရှိတဲ့ ရှီးပဒီး နွယ်ရှင်တွေကို ပေါင်းစပ် ထည့်သွင်းထားပါတယ်။

ရှီးပဒီး နွယ်ရှင်တွေကို အခြေခံ ထုတ်လုပ်ထားတဲ့ စမ်းသပ်ဆေးဝါး တစ်မျိုးဟာ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးရာမှာ ထိရောက် ထက်မြက်တဲ့ အစွမ်း အာနိသင်တွေ ပြသနေကြောင်း သိရပါတယ်။

ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့ဒ် တက္ကသိုလ်က ပညာရှင်တွေဟာ ဇီဝဆေးပညာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ NuCana နဲ့ ပူးပေါင်းပြီး ကင်ဆာရောဂါ ကုသတဲ့ ဆေးဝါး ဖော်မြူလာတချို့ စမ်းသပ် တီထွင်ခဲ့ပါတယ်။ အဲဒီထဲမှာ NUC-7738 လို့ ကုဒ်နာမည် မှည့်ထားတဲ့ ဆေးဝါးကတော့ ဟိမဝန္တာနဲ့ ဆက်စပ် တောင်တန်းတွေမှာ ပေါက်ရောက်လေ့ရှိတဲ့ ရှီးပဒီး နွယ်ရှင်တွေကို ပေါင်းစပ် ထည့်သွင်းထားပါတယ်။

NUC-7738 ဟာ မူလ လေ့လာနေတဲ့ အခြေခံ ဓာတ်ပေါင်းနဲ့ ယှဉ်ရင် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်း အဆ ၄၀ လောက် မြင့်တက်လာကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တချို့ ကန့်သတ် ပမာဏမျိုးနဲ့ ထွက်ပေါ်တတ်ပါတယ်။

ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်တဲ့ Cordycepin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ ရှီးပဒီးတွေမှာ သဘာဝအတိုင်း ဖွဲ့စည်းပါဝင်နေပြီး တရုတ် တိုင်းရင်းဆေးတွေမှာ ကင်ဆာနဲ့ တခြားရောင်ရမ်းတဲ့ ရောဂါတွေ ကုသဖို့အတွက် ရာစုနှစ်တွေနဲ့ချီ အစဉ်အဆက် သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဒီဓာတ်ပစ္စည်းဟာ သွေးထဲမှာ ခပ်မြန်မြန် ပြိုကွဲ ပျက်စီးသွားတဲ့အတွက် ကင်ဆာကုသတဲ့ အာနိသင်က လိုအပ်တဲ့ အဖုအကြိတ် နေရာတွေဆီ အနည်းအကျဉ်းလောက်ပဲ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း အောက်စ်ဖို့ဒ် တက္ကသိုလ်က ပညာရှင် အဖွဲ့ဟာ ဒီအာနိသင်ကို ပိုပြီး ရှည်ရှည်ကြာကြာ ထိန်းသိမ်းထားနိုင်အောင် သုတေသနပြု လေ့လာ စမ်းသပ်ခဲ့ပြီး NUC-7738 မှာတော့ အလားအလာကောင်းတွေ တွေ့မြင်လာနေပြီလို့ ဆိုပါတယ်။

NuCana ရဲ့ စမ်းသပ်အဆင့် ProTide နည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ထိရောက်မှု အာနိသင် သိသိသာသာ တိုးတက် ကောင်းမွန်လာတဲ့ ကင်ဆာဆေးဝါး တစ်မျိုး ဖော်ထုတ်နိုင်မယ့် လမ်းစဆီ ဦးတည်လာပါတယ်။ ဒါပေမဲ့ လက်တွေ့ ထုတ်လုပ်နိုင်တဲ့ ကင်ဆာကုထုံး အဆင့် ဖြစ်လာဖို့တော့ နောက်ထပ် သုတေသနပြု လေ့လာမှုတွေ အချိန်အတော်ကြာ လုပ်ဆောင်ရဦးမှာပါ။

NUC-7738မှာ Cordycepin ဓာတ်ကို ကင်ဆာဆဲလ်နဲ့ အကြိတ်တွေဆီ ရောက်ရှိအောင် hENT1 ဆိုတဲ့ ပို့ဆောင်ဆဲလ် တစ်ခုက ကူညီပေးပါတယ်။ ကင်ဆာဆဲလ်ကို ဖျက်ဆီးနိုင်တဲ့ ဓာတ်တွေက သက်တမ်းရှည်ရှည် တည်မြဲလာပြီး ကင်ဆာဆဲလ်တွေဆီ တိုက်ရိုက် ရောက်ရှိတဲ့အခါ ဆေးဝါး အာနိသင်လည်း ပိုထက်မြင်လာတယ်လို့ အောက်စ်ဖို့ဒ်က ပညာရှင်တွေက ဆိုပါတယ်။

အခုအခါမှာတော့ နယူးကာဆယ်လ်နဲ့ အီဒင်ဘာ့ဂ်က ပညာရှင်တွေပါ လာရောက် ပူးပေါင်းပြီး NUC-7738 ရဲ့ ထိရောက်မှု အာနိသင်ကို မြှင့်တင်ဖို့၊ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချဖို့ ကြိုးစားနေကြပါတယ်။ ဒီဆေးကို ကင်ဆာကြိတ်တွေ ပီပီပြင်ပြင် ထွက်ပေါ်နေတဲ့ လူနာတွေမှာ ပထမအဆင့် လက်တွေ့ စမ်းသပ် အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်ရှိ မိုခါမုန်တိုင်းဘေးသင့်ခဲ့သည့် မြို့နယ်များ၌ ပျက်စီးသွားသည့် လူနေအိမ်များနှင့် အခြားအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြားများ၊ အိမ်ရိုက်သံများ မိုးကာများနှင့် တာလပတ်များ အရေးပေါ်လိုအပ်နေကြောင်း ဖော်ပြသည်။

သတင်း

Albion ကုမ္ပဏီသည် အာဖဂန်၊ သီရီလင်္ကာ၊ ယီမင်၊ဆူဒန်၊ဆိုမာလီယာစသည့် နိုင်ငံရေးမတည်ငြိမ်သည့် နိုင်ငံများသို့ ဆေးဝါးများတင်ပို့နေသည့်ကုမ္ပဏီတစ်ခုဖြစ်သည်။

သတင်း

ကနဦးအနေနဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဒေါက်တာမင်းဇော်ဦးနဲ့ သူနာပြုအမျိုးသမီး ၄ ဦး ပြီးခဲ့တဲ့အောက်တိုဘာ လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဖမ်းဆီးတာကို ခံလိုက်ရသူ ၅ ဦး ဟာ မန္တလေး ဆေးတက္ကသိုလ် CDM ကထိက ဒေါက်တာမင်းဇော်ဦး နဲ့ CDM သူနာပြု အမျိုးသမီး ၄ ဦး တို့ဖြစ်ပါတယ်။