Connect with us

Hi, what are you looking for?

News

KNU နှင့် စစ်ကောင်စီနှစ်ပတ်အတွင်း တိုက်ပွဲ ၉၀ဖြစ်၊ စစ်ကောင်စီဘက်မှ ၁၂၀ကျော်သေ

KNU တပ်မဟာခုနစ်ခုရှိသည့်အနက် KNU တပ်မဟာ (၁)နယ်မြေ သထုံခရိုင်၊ တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၊ တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်တို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေအတွင်း အောက်တိုဘာ ၁ရက်မှ ၁၄ရက်အထိ တိုက်ပွဲ ၉၀ ကျော်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂၆ဦးသေဆုံးကာ ၁၁၄ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့(​အောက်တိုဘာ ၁၆) ညပိုင်း၌ သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် KNU ထိန်းချုပ်နယ်မြေများအတွင်းသို့ အောက်တိုဘာလ ၁ရက်မှစ၍ စစ်ရေးလှုပ်ရှားမှု၊ နယ်မြေ စိုးမိုးမှုများ ပိုမိုလုပ်ဆောင်လာရာ KNU လက်အောက်ခံတပ်များဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် တိုက်ပွဲများ နေ့စဥ်ရက်ဆက် ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

KNU တပ်မဟာခုနစ်ခုရှိသည့်အနက် KNU တပ်မဟာ (၁)နယ်မြေ သထုံခရိုင်၊ တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၊ တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်တို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

KNU တပ်မဟာ(၁)နယ်မြေတွင် အောက်တိုဘာ ၁ရက်မှ ၁၄ရက်အတွင်း တိုက်ပွဲ ၁၉ကြိမ်ဖြစ်ခဲ့ရာ အာဏာသိမ်း စစ်ကောင်စီတပ်မှ ဒု-ဗိုလ်အဆင့်ရှိသူတစ်ဦးအပါဝင် စုစုပေါင်း ၃၁ဦးသေဆုံးပြီး ၂၅ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တပ်မဟာ(၂) နယ်မြေတွင် တိုက်ပွဲ ၅ကြိမ်ဖြစ်ခဲ့ပြီး တပ်ခွဲမှူးတစ်ဦးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေဆုံးကာ ၉ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။ တပ်မဟာ(၅)နယ်မြေ အတွင်း တိုက်ပွဲ ၆၂ကြိမ်ဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူတစ်ဦးနှင့်ဒုဗိုလ်အဆင့်ရှိသူတစ်ဦး စုစုပေါင်း ၄၈ဦးသေဆုံးကာ ၅၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

တပ်မဟာ(၆)နယ်မြေ အတွင်းတိုက်ပွဲ (၆)ကြိမ် ဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်ကောင်စီတပ်မှ ၁၇ဦး သေဆုံးကာ G1 အဆင့်ရှိသူတစ်ဦးအပါဝင် ၃၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ထို့ကြောင့် ခရိုင်နှင့် တပ်မဟာ ၄ခုနယ်မြေတွင် နှစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၉၂ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်မှ ၁၂၆ဦး သေဆုံးကာ ၁၁၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ KNU တပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း ကျဆုံးမှုရှိမရှိကို ဖော်ပြမထားပေ။

KNU အနေဖြင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေသည့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။ အောက်တိုဘာ၁၅ရက် NCA လက်မှတ်ရေးထိုးမှု ၆နှစ်မြောက် နှစ်ပတ်လည်နေ့ KNU၏ ထုတ်ပြန်ချက်တွင် နိုင်ငံရေးခေါင်းဆောင်များအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးရန်နှင့် တပ်မတော် နိုင်ငံရေး မှနုတ်ထွက်ကြောင်း ကြေညာရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။