Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၆)နယ်မြေတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်၍ စစ်ကောင်စီတပ်မှ ကိုးဦးသေ၊ ၁၀ဦးဒဏ်ရာရ

အောက်တိုဘာ၁၆ရက်က အင်အား ၁၄၀ခန့်ပါ စစ်ကောင် စီတပ်နှင့် KNUတပ်ဖွဲ့ဝင်များ နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှလေးဦးသေ၊ လေးဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆) နယ်မြေ ကော့ကရိတ်မြို့နယ် မြို့ဟောင်းရွာအနီးတိုက်ပွဲနှစ်ကြိမ်ဖြစ်၍ စစ်ကောင်စီဘက်မှ ကိုးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုသတင်းနှင့်ပြန်ကြား ရေးဌာနက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ၁၆ရက်က အင်အား ၁၄၀ခန့်ပါ စစ်ကောင် စီတပ်နှင့် KNUတပ်ဖွဲ့ဝင်များ နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှလေးဦးသေ၊ လေးဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

အောက်တိုဘာ၁၈ရက်တွင်လည်း မိနစ် ၄၀ခန့်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်ဟုဆို သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ မြို့ဟောင်းရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ခမရ(၅၅၆)မှ တပ်ရင်းမှူးနိုင်နိုင်လွင်သည် မောင်းမရွာသစ်ရှိ ရွာသားစျေးဆိုင်တစ်ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ယခုလတွင် KNU တပ်မဟာ(၁)နှင့်တပ်မဟာ(၅)နယ်မြေများ၌လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ