Connect with us

Hi, what are you looking for?

News

သတင်းသမား ၃၅ဦးကို အကြမ်းဖက်စစ်ကောင်စီ ဆက်လက်ဖမ်းဆီးထား

မကြာသေးမီက နိုင်ငံတဝန်းမတရားဖမ်းဆီးခံခဲ့ရသူ ၅၀၀၀ကျော်ကို အကြမ်းဖက်စစ်ကောင်စီက ပြန်လွှတ်ပေးရာမှာ သတင်းသမား ၁၇ဦးပါဝင်ခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတ ရားဖမ်းဆီးခံရတဲ့သတင်းသမား ၁၀၁ဦးအနက် ၆၆ ဦး ပြန်လည်လွတ်မြောက်လာပေမယ့် ၃၅ဦးမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ Myanmar Press Freedom In-Depthက ဒီနေ့(​အောက်တိုဘာ ၂၁)ထုတ်ပြန်ပါတယ်။

မကြာသေးမီက နိုင်ငံတဝန်းမတရားဖမ်းဆီးခံခဲ့ရသူ ၅၀၀၀ကျော်ကို အကြမ်းဖက်စစ်ကောင်စီက ပြန်လွှတ်ပေးရာမှာ သတင်းသမား ၁၇ဦးပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံသား Frontier Myanmar အယ်ဒီတာ ဒန်နီဖန်စတာအပါအဝင် သတင်းသမား ၃၅ ဦးကိုတော့ အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် ဆက်လက်ချုပ်နှောင် ဖမ်းဆီးထားဆဲဖြစ်တယ်လို့ MPFI-Dက စာရင်းပြုစုထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်ကစလို့ မြန်မာ နိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ ဆုံးရှုံးသွားခဲ့ပြီး သတင်းသမားတွေဟာလည်း အခက်အခဲ၊ အကန့် အသတ်များကြားကနေ အလုပ်လုပ်နေခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းတွေက မြန်မာ နိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ပေးဖို့နဲ့ မတရားဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို ပြန်လွှတ်ပေးလို့ အမြဲမပြတ်တောင်းဆိုနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။