Connect with us

Hi, what are you looking for?

News

ယင်းမာပင်PDFက စစ်ကောင်စီတပ်ကိုမိုင်းခွဲတိုက်ခိုက် ငါးဦးသေဆုံးကြောင်း ဒေသခံများပြော

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ယမန်နေ့(အောက် တိုဘာ ၂၁)မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ကို ယင်းမာပင် PDFကမိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ယမန်နေ့(အောက် တိုဘာ ၂၁)မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ကို ယင်းမာပင် PDFကမိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

ယင်းမာပင်မြို့နယ် လက်ပံရွာ သင်္ချိုင်းနားသို့ ရောက်ရှိလာသော တပ်သား ၁၀၀ခန့်ပါဝင်သည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ယင်းမာပင် PDFအဖွဲ့က ယမန်နေ့ မွန်းလွဲ ၂နာရီခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားငါးဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းကလည်း မုံရွာဘက်မှတက်လာသော စစ်ကား ကားကြီးသုံးစီး၊ အရပ်သုံးကားသေး နှစ်စီးနှင့် ဆိုင်ကယ်အစီးရေ ၃၀ခန့်တို့ပါဝင်သော အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းကို ယင်းမာပင်မြို့နယ်၊ ဖိုးဝင်းတောင်အနီးတွင် ယင်းမာပင် PDF အဖွဲ့ နှင့် LDF အဖွဲ့ တို့ ပူးပေါင်း မိုင်းဆွဲတိုက်ခဲ့ရာ စစ်သား ၃၀ခန့် သေဆုံးခဲ့ကြောင်း ဒေသခံPDF များကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook