Connect with us

Hi, what are you looking for?

News

ကော့ကရိတ်ကစစ်ဘေးရှောင်တွေကိုကူဖို့ အခက်ခဲတွေရှိနေ

လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် ကရင်လူ့အခွင့်အရေးအဖွဲ့အပြင် ကူညီချင်တဲ့အခြားအဖွဲ့အစည်းအသီးသီးတွေက သွားရောက်ကူညီခဲ့ပေမယ့် စစ်ကောင်စီရဲ့ တားဆီးပိတ်ပင်မှုကြောင့် ကူညီဖို့ခက်နေပြီး အနည်းငယ်သာ ကူညီခွင့်ရခဲ့တယ်လို့ သိရပါသေးတယ်။

ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသားတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အများကြီးလိုအပ်နေပြီးရွာသားတွေကို ကူညီဖို့ ခက်ခဲနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ထံကနေ သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်က စပြီး ကော့ကရိတ်မြို့နယ် ကော့နွဲ့ အံကလော် မြို့ဟောင်းနဲ့ ရွာသစ်ကျေးရွာတွေမှာ နယ်မြေခံ KNLA တပ်မဟာ ၆ နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူရာချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ အဲ့ဒီကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက အခုထက်ထိတိုင် တပ်စွဲနေရာယူထားတာကြောင့် ဒေသခံရွာသားတွေဟာ နေရပ်ကိုပြန်လာဖို့ ကြောက်ရွံ့နေကြတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်က ပြောပါတယ်။

“တိမ်းရှောင်နေရတဲ့ ရွာသားတွေကို ကူညီဖို့ခက်ခဲတဲ့ ပထမဆုံးတစ်ခုကတော့ စစ်ကောင်စီနဲ့ ဘီဂျီအက်ရဲ့ စစ်ဆေးမေးမြန်းတာတွေ ပိတ်ပင်တာတွေပေါ့နော်။ ဒီဟာတွေက အဲ့လိုမျိုးတားဆီးတာတွေရှိတဲ့အတွက် ပို့တဲ့လူလည်း ပို့လို့မရဲဘူး။ သွားယူမယ့်လူလည်း သွားယူလို့မရဲဘူး။ အဲ့ဒါကြောင့် ဒီလူသားချင်းစာနာထောက်ထားမှုအကူအညီပို့ရ တော်တော်ကြီးကို ခက်နေပါတယ်ခင်ဗျ။ ကူညီချင်တဲ့ အဖွဲ့အစည်းတွေရှိနေပေမယ့် အခုလောလောဆယ်မှာတော့ အဲ့လိုမျိုး အတားအဆီးတွေရှိနေတဲ့အတွက် ပို့ရခက်နေပါတယ်။ နည်းနည်းပဲကူညီလို့ရတယ်။ ရွာသားတွေနဲ့လည်း ခက်ခက်ခဲခဲ သွားယူရတယ် သွားပြီးတော့စီစဉ်ရတယ်” လို့ KHRG ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် အံကလော်ရွာက ဒေသခံပြည်သူ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ရွာသစ်ရွာက တရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေခဲ့ရကာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်တွေအပြင် အိမ်မွေးတိရိစ္ဆာန်အချို့ ထိခိုက်သေဆုံးပျက်စီးသွားခဲ့တယ်လို့ KHRG ထံကနေ သိရပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် ကရင်လူ့အခွင့်အရေးအဖွဲ့အပြင် ကူညီချင်တဲ့အခြားအဖွဲ့အစည်းအသီးသီးတွေက သွားရောက်ကူညီခဲ့ပေမယ့် စစ်ကောင်စီရဲ့ တားဆီးပိတ်ပင်မှုကြောင့် ကူညီဖို့ခက်နေပြီး အနည်းငယ်သာ ကူညီခွင့်ရခဲ့တယ်လို့ သိရပါသေးတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပြင် နေရာထိုင်ခင်း အဝတ်အစား စတာတွေလိုအပ်နေတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။