Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေဖြူမြို့နယ်NLD ပါတီရုံးရှေ့မှ လူခေါင်းပြတ်ချိတ်ဆွဲထားမှု DGRFနှင့်မသက်ဆိုင်ကြောင်းထုတ်ပြန်

အမည်မသိဦးခေါင်းပြတ်တစ်လုံးကိုအောက်တိုဘာ ၂၂ရက်မနက်ပိုင်းက အဆိုပါ ရုံးရှေ့တွင်လာရောက်ချိတ်ထားပြီး ဒေသခံ PDF တပ်ဖွဲ့တစ်ခုဖြစ်သည့် Dawei Guerrilla Revolutionary Forceအမည်ပါ စာတမ်းကိုလည်းချိတ်ထားခြင်းဖြစ်သည်။

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ် NLD ပါတီရုံးရှေ့ခြံစည်းရိုးတွင် ချိတ်ဆွဲထားသည် လူခေါင်းပြတ်ချိတ်ဆွဲထားသောကိစ္စသည် ၎င်းတို့အဖွဲ့နှင့်မသက်ဆိုင်ကြောင်း Dawei Guerrilla Revolution Force အဖွဲ့က အောက်တိုဘာ ၂၂ ရက်တွင် အရေးပေါ်ထုတ်ပြန်ကြေညာသည်။

အမည်မသိဦးခေါင်းပြတ်တစ်လုံးကိုအောက်တိုဘာ ၂၂ရက်မနက်ပိုင်းက အဆိုပါ ရုံးရှေ့တွင်လာရောက်ချိတ်ထားပြီး ဒေသခံ PDF တပ်ဖွဲ့တစ်ခုဖြစ်သည့် Dawei Guerrilla Revolutionary Forceအမည်ပါ စာတမ်းကိုလည်းချိတ်ထားခြင်းဖြစ်သည်။

လူခေါင်းပြတ်ကိစ္စသည် ၎င်းတို့ အဖွဲ့လုပ်ဆောင်သည့်မဟုတ်ဘဲ အဖွဲ့အမည်ကိုသာ တလွဲအသုံးချခြင်းဖြစ်သည်ဟု DGRF အဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ခေါင်းပြတ်ချိတ်ဆွဲသည့် အချိန်သည် ညမထွက်အရအမိန့်ထုတ်ထားချိန်ဖြစ်ပြီး ဒေသခံများအပြင်မထွက်ချိန် စစ်ကောင်စီတပ်သားများက လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများကပြောသည်။

“အဲ့နားမှာ စစ်ကောင်စီက တပ်သားတွေ ကင်းစောင့်နေတာပဲ ပြီးတော့မှာ ဒီခေါင်းပြတ်ကိစ္စပေါ်လာတာ။ တော်လှန်ရေးကို ပုံဖျက်ချင်လို့ PDFတွေနဲ့ ရန်တိုက်ပေးဖို့လုပ်တာလား မသိဘူး”ဟု
ဒေသခံတစ်ဦးကပြောသည်။

ထိုခေါင်းပြတ်ကို စစ်ကောင်စီတပ်သားများက လာရောက်ကြည့်ရှုသော်လည်း လက်ရှိချိန်ထိ ခေါင်းပြတ်ကို ဖယ်ရှားခြင်းမရှိသေးဟုဒေသခံများကပြောသည်။

အောက်တိုဘာ ၂၀ ရက်တွင် မြိတ်မြို့ NLD ပါတီရုံး ဖောက်ခွဲခံရပြီး အောက်တိုဘာလ ၂၁ ရက်မှာတော့ ထားဝယ်မြို့မှာရှိတဲ့ NLD ( ခရိုင်၊ တိုင်း) ရုံး ဖောက်ခွဲခံရသည်။ ထိုဖောက်ခွဲမှုများသည် ညမထွက်ရအမိန့်ထုတ်ထားချိန်များတွင်သာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။