Connect with us

Hi, what are you looking for?

News

ရေဖြူမြို့နယ်NLD ပါတီရုံးရှေ့မှ လူခေါင်းပြတ်ချိတ်ဆွဲထားမှု DGRFနှင့်မသက်ဆိုင်ကြောင်းထုတ်ပြန်

အမည်မသိဦးခေါင်းပြတ်တစ်လုံးကိုအောက်တိုဘာ ၂၂ရက်မနက်ပိုင်းက အဆိုပါ ရုံးရှေ့တွင်လာရောက်ချိတ်ထားပြီး ဒေသခံ PDF တပ်ဖွဲ့တစ်ခုဖြစ်သည့် Dawei Guerrilla Revolutionary Forceအမည်ပါ စာတမ်းကိုလည်းချိတ်ထားခြင်းဖြစ်သည်။

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ် NLD ပါတီရုံးရှေ့ခြံစည်းရိုးတွင် ချိတ်ဆွဲထားသည် လူခေါင်းပြတ်ချိတ်ဆွဲထားသောကိစ္စသည် ၎င်းတို့အဖွဲ့နှင့်မသက်ဆိုင်ကြောင်း Dawei Guerrilla Revolution Force အဖွဲ့က အောက်တိုဘာ ၂၂ ရက်တွင် အရေးပေါ်ထုတ်ပြန်ကြေညာသည်။

အမည်မသိဦးခေါင်းပြတ်တစ်လုံးကိုအောက်တိုဘာ ၂၂ရက်မနက်ပိုင်းက အဆိုပါ ရုံးရှေ့တွင်လာရောက်ချိတ်ထားပြီး ဒေသခံ PDF တပ်ဖွဲ့တစ်ခုဖြစ်သည့် Dawei Guerrilla Revolutionary Forceအမည်ပါ စာတမ်းကိုလည်းချိတ်ထားခြင်းဖြစ်သည်။

လူခေါင်းပြတ်ကိစ္စသည် ၎င်းတို့ အဖွဲ့လုပ်ဆောင်သည့်မဟုတ်ဘဲ အဖွဲ့အမည်ကိုသာ တလွဲအသုံးချခြင်းဖြစ်သည်ဟု DGRF အဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ခေါင်းပြတ်ချိတ်ဆွဲသည့် အချိန်သည် ညမထွက်အရအမိန့်ထုတ်ထားချိန်ဖြစ်ပြီး ဒေသခံများအပြင်မထွက်ချိန် စစ်ကောင်စီတပ်သားများက လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများကပြောသည်။

“အဲ့နားမှာ စစ်ကောင်စီက တပ်သားတွေ ကင်းစောင့်နေတာပဲ ပြီးတော့မှာ ဒီခေါင်းပြတ်ကိစ္စပေါ်လာတာ။ တော်လှန်ရေးကို ပုံဖျက်ချင်လို့ PDFတွေနဲ့ ရန်တိုက်ပေးဖို့လုပ်တာလား မသိဘူး”ဟု
ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုခေါင်းပြတ်ကို စစ်ကောင်စီတပ်သားများက လာရောက်ကြည့်ရှုသော်လည်း လက်ရှိချိန်ထိ ခေါင်းပြတ်ကို ဖယ်ရှားခြင်းမရှိသေးဟုဒေသခံများကပြောသည်။

အောက်တိုဘာ ၂၀ ရက်တွင် မြိတ်မြို့ NLD ပါတီရုံး ဖောက်ခွဲခံရပြီး အောက်တိုဘာလ ၂၁ ရက်မှာတော့ ထားဝယ်မြို့မှာရှိတဲ့ NLD ( ခရိုင်၊ တိုင်း) ရုံး ဖောက်ခွဲခံရသည်။ ထိုဖောက်ခွဲမှုများသည် ညမထွက်ရအမိန့်ထုတ်ထားချိန်များတွင်သာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။