Connect with us

Hi, what are you looking for?

News

PDFများ နှင့်ပြည်သူများကိုသွေးခွဲရန် ချောင်းဦးတွင် PDF အယောင်ဆောင်ခြိမ်းခြောက်၍ငွေတောင်းခံ

ငွေခြောက်သိန်းကို ဖုန်းနံပတ်နှစ်လုံးသို့ ရှစ်နာရီအတွင်း ပို့ပေးရန်နှင့် မိုင်းထောင်ထားကြောင်း ခြိမ်းခြောက်ထားသည့် စာကို မသမာသူလူတစ်စုက စက်သုံးဆီဆိုင်သို့ ပေးပို့ခဲ့သည်ဟု CHU PDFက ဓာတ်ပုံနှင့် တင်ပြအသိပေး ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များနှင့် ပြည်သူများအား သွေးကွဲစေရန် မသမာသူများက နည်းလမ်းမျိုးစုံဖြင့် ကြံစည်လုပ်ဆောင်နေ၍ မိဘပြည်သူများ အနေနှင့် နားမယောင်ကြဘဲ PDFလူငယ်များကို တတ်နိုင်သည့်ဘက်မှကူညီပေးခြင်းဖြင့် တော်လှန်ရေးအမြန်ဆုံးအဆုံးသတ်နိုင်အောင် ပါဝင်ပေးကြပါရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ချောင်းဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်အား ခြိမ်းခြောက်အကြပ်ကိုင်၍ငွေပေးရန်နှင့် မပေးပါက မိုင်းခွဲမည်ဟု PDFအယောင်ဆောင်၍ စာပို့ခြိမ်း ခြောက်တောင်းဆိုသည့် ဖြစ်ရပ်တစ်ခု ယနေ့ (အောက် တိုဘာ ၂၄ရက်) နံနက်က ဖြစ်ခဲ့၍ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CHU PDF)က အထက်ပါအတိုင်း ထုတ်ပြန်အသိပေးခြင်းဖြစ်သည်။

ချောင်းဦးမြို့နယ် တောကျောင်းကြီး အုပ်စု၊ရွာထင်ရွာရှိ (ဦးစန်းဝင်း)+ဒေါ်ခင်မမစက်သုံးဆီ ရောင်းဝယ်ရေးဆိုင်သို့ မသမာသူများမှ ခြိမ်းခြောက်စာနှင့် ပစ္စည်းများ ပေးပို့ခဲ့သည်ဟုသိရကြောင်း၊ပြည်သူများအား ထိခိုက်စေရန်ပြုမူမှုများ၊အကြပ်ကိုင်ငွေတောင်းမှုများကို ကျွန်ုပ်တို့ PDFတပ်ဖွဲ့ဝင်များ လုံးဝမပြုလုပ်ပါဟု ဖော်ပြထား သည်။ကျွန်န်ုပ်တို့တပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပါမည်ဟု သစ္စာအဓိဌာန်ပြုထားသည့် အလျှောက် မည်သည့်သောအကြောင်းပြချက်နှင့်မျှ ယခုကဲ့သို့ အပြုအမူမျိုး မပြု လုပ်ကြောင်း သစ္စာဆိုကြပါသည်ဟု လူထုအား အသိပေးထားသည်။

ငွေခြောက်သိန်းကို ဖုန်းနံပတ်နှစ်လုံးသို့ ရှစ်နာရီအတွင်း ပို့ပေးရန်နှင့် မိုင်းထောင်ထားကြောင်း ခြိမ်းခြောက်ထားသည့် စာကို မသမာသူလူတစ်စုက စက်သုံးဆီဆိုင်သို့ ပေးပို့ခဲ့သည်ဟု CHU PDFက ဓာတ်ပုံနှင့် တင်ပြအသိပေး ထားသည်။

Public Service Announcement

Public Service Announcement

စက်သုံးဆီဆိုင်အား ခြိမ်းခြောက် ဆတ်ကြေးတောင်းသည့်အဖွဲ့က ဆီဆိုင်အနီးထောင်ထားသည့် မိုင်းကို ပတ်ဝန်းကျင်မထိခိုက်အောင် သေချာစီမံ၍ ချောင်းဦး PDFက လာရောက်ဖျက်ဆီးပေးခဲ့ကြောင်းဒေသခံတစ်ဦးကပြောသည်။

“မိဘပြည်သူများ အနေနှင့် သွေးကွဲရန် လုပ်ဆောင်မှုများကို နားမယောင်ကြဘဲ PDFလူငယ်များကို မိမိတတ်နိုင်သောဘက်မှကူညီပေးခြင်းဖြင့် တော်လှန်ရေးအမြန်ဆုံးအဆုံးသတ်နိုင်အောင် ပါဝင်ပေးကြပါရန် လေးစားစွာတိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်”ဟု CHU PDFက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။