Connect with us

Hi, what are you looking for?

News

တရားမဝင်သစ်ကားအား မီးရှို့ဖျက်ဆီးခဲ့ခြင်းအပေါ် ကောလင်း PDF ရှင်းလင်း

ကားကိုမီးရှို့ဖျက်ဆီးခြင်းမှာ နောက်ထပ်သော တရားမဝင်လုပ်ငန်းများ လုပ်ကိုင်လာမည့် လောဘသားများကို ပြင်းထန်စွာ အသိပေးခြင်း စံပြအဖြစ်လုပ်ပြခြင်းဖြစ် ကြောင်း KLPDFက ဆိုသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွှေဘို – မြစ်ကြီးနား ကားလမ်းတွင် တရားမဝင်သစ်များ တင်ဆောင်လာသည့် ၁၂ဘီးကားတစ်စီးကို ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLPDF) မှ ဖမ်းဆီးမီးရှို့ဖျက်ဆီးလိုက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်ကို KLPDFက ထုတ်ပြန်သည်။

အောက်တိုဘာ ၂၅ရက်က ဖမ်းမိသည် သစ်ကားနှင့် တရားမဝင်သစ်များ ဖျက်ဆီးခဲ့ခြင်း၏ ရည်ရွယ်ချက်ကို KLPDFက ထုတ်ပြန်ရာတွင် ဖမ်းဆီးရမိသည့် တရားမဝင် သစ်များကို သယ်ယူထိန်းသိမ်းရန် အခက်အခဲရှိခြင်း၊ တရားမဝင်သစ်သယ်ယူရောင်းချ ကုန်သွယ်မှု ကွင်းဆက်ကို ဖြတ်တောက်လိုခြင်း တို့ကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာတွင်လည်း တောရိုင်းတိရိစ္ဆာန်များနှင့် သဘာ၀အပစ်များ ကုန်သွယ်ခြင်းကို ကွင်းဆက်ဖြတ်တောက်သည့် အနေဖြင့်ဖမ်းဆီးရမိသည့် တောရိုင်း တရိစ္ဆာန်များနှင့် သဘာ၀ အပင်အစိတ်အပိုင်းများကို မီးရှို့ဖျက်ဆီးသည့် လုပ်ထုံးလုပ်နည်းများ ရှိကြောင်း၊ထို့ကြောင့် တရားမဝင်သစ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ကားကိုမီးရှို့ဖျက်ဆီးခြင်းမှာ နောက်ထပ်သော တရားမဝင်လုပ်ငန်းများ လုပ်ကိုင်လာမည့် လောဘသားများကို ပြင်းထန်စွာ အသိပေးခြင်း စံပြအဖြစ်လုပ်ပြခြင်းဖြစ် ကြောင်း KLPDFက ဆိုသည်။

Public Service Announcement

Public Service Announcement

တရားမဝင်လုပ်ငန်းမှ သိမ်းဆည်ရမိသည့် ဆက်စပ်ပစ္စည်းများကို KLPDF မှ မိမိတို့ အကျိုးအတွက် အသုံးချရန်မရှိကြောင်း ဖြေရှင်းလိုက်သည်ဟု လည်း ဖော်ပြထားသည်။

ကောလင်း PDFသည် အောက်တိုဘာ ၂၂ရက်ကလည် ကောလင်းအနောက်ခြမ်းတွင် မူးယစ်ဆေးဝါး ဘိန်းဖြူ များ သယ်ဆောင်လာသည့် တရားခံများကို ဖမ်းဆီးခဲ့ပြီး ပထမအကြိမ် သတိပေးသည့် အနေဖြင့် ကြိမ်ဒဏ် ၅ချက်နှင့် ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ မူးယစ်ဆေးဝါးများကို ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။