Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို အသိအမှတ်မပြုရေး G-20 အစည်းအဝေးအကြိုမှာ မြန်မာသံအမတ်ကြီး တိုက်တွန်း

နောက်ပြီး စစ်တပ်အကျိုးစီးပွားအတွက် အထောက် အကူပြုတဲ့ငွေကြေးစီးဆင်းမှုတွေကို ချက်ချင်းရပ်တန့်ဖို့လိုအပ်ပြီး ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်သင့်တယ်လို့ သံအမတ်ကြီးက တိုက်တွန်းပါတယ်။

တရားမဝင်အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုရေး နိုင်ငံတကာက ဆက်လက်ဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ၂၇ရက်မှာပြုလုပ်တဲ့ G-20 အစည်းအဝေးအကြိုမှာ တိုက်တွန်းပြောကြားပါတယ်။

အီတလီ၊ ရောမမြို့မှာ ကျင်းပမယ့် G-20 အစည်းအဝေးနဲ့ဆက်စပ်ပြီး “Averting Catastrophe in Myanmar: COVID 19, Economic Collapse and an Effective International Response” ခေါင်းစဉ်နဲ့ မြန်မာ့အရေးဆွေးနွေးပွဲကျင်းပရာမှာ မြန်မာသံအမတ်ကြီးက တိုက်တွန်းခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကိုယ်စားလှယ်တွေဆီကနေ မြန်မာပြည်သူလူထုရဲ့ အသံကိုကျယ်လောင်စွာ ကြားသိနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းက လုပ်ဆောင်သင့်ပြီး NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း မကြာမီကြေညာနိုင်မယ်လို့ မျှော်လင့်မိတယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

စစ်ကောင်စီကို ကုလသမဂ္ဂနဲ့ အာဆီယံ အစည်းအဝေးတွေမှာ ဆက်လက်ဖယ်ချန်ထားဖို့ဖြစ်ပြီး လက်ရှိကျင်းပနေတဲ့ အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို တက် ရောက်ခွင့်မပြုခဲ့ခြင်းနဲ့ UN-ASEAN အစည်းအဝေး ရွှေ့ဆိုင်းခဲ့ခြင်းဟာ စစ်ကောင်စီကို ဖိအားပေးရာမှာ ထိရောက်တဲ့ သာဓကတွေဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး စစ်တပ်အကျိုးစီးပွားအတွက် အထောက် အကူပြုတဲ့ငွေကြေးစီးဆင်းမှုတွေကို ချက်ချင်းရပ်တန့်ဖို့လိုအပ်ပြီး ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်သင့်တယ်လို့ သံအမတ်ကြီးက တိုက်တွန်းပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေတဲ့ ပြည်သူတွေထံ နယ်စပ်ဖြတ်ကျော် အကူအညီပေးခြင်းအပါအဝင် အခြား လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အမြန်ဆုံးထောက်ပံ့ပေးနိုင်ဖို့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝန်းကို တိုက်တွန်းခဲ့ပါတယ်။

အထက်ပါအစည်းအဝေးကို NUG၏ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဝင်းမြတ်အေး၊ Mae Tao ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်၊ ကျန်းမာ ရေးဝန်ထမ်း ဒေါက်တာနေလင်းထွန်းတို့လည်း တက်ရောက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။