Connect with us

Hi, what are you looking for?

News

လက်နက်အပြည့်အစုံဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံသောတပ်မတော်သားကဂုဏ်ပြုရငွေထဲမှ ၁၅ သိန်းကိုPDFသို့ပြန်လှူ

လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ခိုဝင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးအား ငွေကျပ်သိန်းငါးဆယ်ချီးမြှင့်ခဲ့ရာ ၎င်းတပ်ကြပ်ကြီးက PDFသို့ ငွေကျပ် ၁၅ သိန်း ပြန်လှူခဲ့သည်။

လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ခိုဝင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးအား ငွေကျပ်သိန်းငါးဆယ်ချီးမြှင့်ခဲ့ရာ ၎င်းတပ်ကြပ်ကြီးက PDFသို့ ငွေကျပ် ၁၅ သိန်း ပြန်လှူခဲ့သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဟားခါးအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခလရ ၂၆၆၊ တမူးရှေ့တန်းစခန်းရုံး၏ တပ်ကြပ်ကြီးစာရေးတာဝန်ထမ်းဆောင်သူ တ ၅၃၉၇၀၂ ခေါဂေလိန်းသည် MA 3 သေနတ်တစ်လက်၊ ကျည်အိမ် ၃ ခု၊ ကျည်ဆံ ၂၀၀၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တမူးမြို့ တပ်ရင်း ၁ သို့ လာရောက်ပူးပေါင်း၍ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တမူးမြို့ တပ်ရင်း ၁၊ People Defense force (Tamu)က အသိပေးကြေညာသည်။

ထိုသို့လာရောက်ပူးပေါင်းမှုအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တမူးမြို့ တပ်ရင်းတပ်ဖွဲ့များမှ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ၎င်းအား ငွေကျပ်သိန်းငါးဆယ်တိတိ ဆုကြေးငွေအဖြစ်ပေးအပ်ခဲ့ကြောင်း
၊ သို့ရာတွင် ပြည်သူ့ရင်ခွင် ခိုဝင်လာသည့် ခေါဂေလိန်းက ၎င်းရရှိသည့်ဆုကြေးငွေကျပ်သိန်းငါးဆယ်ထဲမှ ဆယ့်ငါးသိန်းတိတိအား PDFတမူးသို့ပြန်လည်လှုဒါန်းခဲ့ကြောင်း PDF တမူးက ပြောသည်။

PDFတမူးမှလည်း ၎င်းသွားရောက်လိုသည့်နေရာသို့ လုံခြုံဘေးကင်းစွာ ရောက်ရှိစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ CDM ပြုလုပ်၍
ပြည်သူ့ရင်ခွင် ခိုဝင်လိုသော ပြည်သူ့စစ်သားများနှင့် ပြည်သူ့ရဲများအား အသိပေးလိုသည်မှာ လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းပါက PDF တမူး တပ်ရင်း ၁ က ကျပ်သိန်းငါးဆယ်ချီးမြှင့်မည်ဖြစ်ပြီး ဆက်သွယ်လိုပါက People Defense force (Tamu) တပ်ရင်း (၁)၏ page messenger သို့ဆက်သွယ်နိုင်ကြောင်း ၎င်းတို့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook