Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းကင်းနယ်တွင် ပျူစောထီးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ပဒေသာမိုင်းထိ၊ ၁၀ဦးသေဆုံးပြီး သုံးဦးဒဏ်ရာဟု မင်းကင်း PDFထုတ်ပြန်

“အနည်းဆုံး ၁၀ ယောက်သေတယ်ဆိုတာ သေချာတယ်။လက်ရှိ အခြေအနေအရ သူတို့ စစ်ကြောင်းမထိုးနိုင်သေးဘူး”ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်သံလုံးက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပျူစောထီ ပူးပေါင်းစစ်ကြောင်း ပဒေသာမိုင်းထိကာ ၁၀ ဦး သေဆုံးပြီး သုံးဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ၁)ထုတ်ပြန်သည်။

အင်အား ၈၀ခန့်ရှိသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီများမှာ ဇင်ကလဲ နှင့် လောင်းပြည့်ကျေးရွာများဘက်သို့ အောက်တိုဘာ ၃၁ ရက်က စစ်ကြောင်းထိုးလာရာမှ မင်းကင်း နှင့် ကနီ ရှိပြည်သူတပ်ဖွဲ့များ ထောင်ထားသည့် ပဒေသာမိုင်းမိသွားခဲ့ခြင်းဖြစ်သည်။

“အနည်းဆုံး ၁၀ ယောက်သေတယ်ဆိုတာ သေချာတယ်။လက်ရှိ အခြေအနေအရ သူတို့ စစ်ကြောင်းမထိုးနိုင်သေးဘူး”ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်သံလုံးက ပြောသည်။

အဆိုပါ ပဒေသာမိုင်းမိခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၂၆ ရက်က မင်းကင်းမြို့နယ်ရှိ သင်တော၊ညောင်ပင်သာ၊အုန္နဲဘုတ်၊ဘင်နှင့် အနောက်တောကျေးရွာကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု မင်းကင်းပြည်သူ့ကာကွယ်ရေး တပ်က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။