Connect with us

Hi, what are you looking for?

News

မင်းကင်းနယ်တွင် ပျူစောထီးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ပဒေသာမိုင်းထိ၊ ၁၀ဦးသေဆုံးပြီး သုံးဦးဒဏ်ရာဟု မင်းကင်း PDFထုတ်ပြန်

“အနည်းဆုံး ၁၀ ယောက်သေတယ်ဆိုတာ သေချာတယ်။လက်ရှိ အခြေအနေအရ သူတို့ စစ်ကြောင်းမထိုးနိုင်သေးဘူး”ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်သံလုံးက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပျူစောထီ ပူးပေါင်းစစ်ကြောင်း ပဒေသာမိုင်းထိကာ ၁၀ ဦး သေဆုံးပြီး သုံးဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ၁)ထုတ်ပြန်သည်။

အင်အား ၈၀ခန့်ရှိသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီများမှာ ဇင်ကလဲ နှင့် လောင်းပြည့်ကျေးရွာများဘက်သို့ အောက်တိုဘာ ၃၁ ရက်က စစ်ကြောင်းထိုးလာရာမှ မင်းကင်း နှင့် ကနီ ရှိပြည်သူတပ်ဖွဲ့များ ထောင်ထားသည့် ပဒေသာမိုင်းမိသွားခဲ့ခြင်းဖြစ်သည်။

“အနည်းဆုံး ၁၀ ယောက်သေတယ်ဆိုတာ သေချာတယ်။လက်ရှိ အခြေအနေအရ သူတို့ စစ်ကြောင်းမထိုးနိုင်သေးဘူး”ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်သံလုံးက ပြောသည်။

အဆိုပါ ပဒေသာမိုင်းမိခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၂၆ ရက်က မင်းကင်းမြို့နယ်ရှိ သင်တော၊ညောင်ပင်သာ၊အုန္နဲဘုတ်၊ဘင်နှင့် အနောက်တောကျေးရွာကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု မင်းကင်းပြည်သူ့ကာကွယ်ရေး တပ်က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook