Connect with us

Hi, what are you looking for?

News

ကရင်ပြည်နယ်နေ့ပွဲတော်ကျင်းပဖို့စီစဥ်နေတဲ့စစ်ကောင်စီက ဘားအံမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

ဘားအံမြို့နယ်အတွင်း လမ်းမကြီးနဲ့ အများပြည်သူသွားရာလမ်း လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်နဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ လူ ၅ ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုပြီး စုဝေးတာမပြုလုပ်ဖို့၊ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

ကရင်ပြည်နယ်နေ့ပွဲတော်ကို ကျင်းပဖို့စီစဉ်နေတဲ့ စစ်ကောင်စီက ဘားအံမြို့နယ်အတွင်းမှာ လူစုလူဝေးမလုပ်ဖို့ နိုဝင်ဘာ ၁ ရက်ရက်စွဲနဲ့ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်လိုက်တယ်လို့ သတင်းရရှိပါတယ်။

အခုချိန်ခါမှာ ဘားအံမြို့နယ်ထဲမှာ လူတချို့ဟာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ ပြုမူဆောင်ရွက်နေတာကို တွေ့ရှိရတဲ့အတွက် အဲ့ဒီလိုပြုမူဆောင်ရွက်နေတာတွေဟာ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေပြီး ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားစေနိုင်တယ်လို့ ပြည်နယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။

ဒါကြောင့် ဘားအံမြို့နယ်အတွင်းမှာ စုဝေးဟောပြောတာ၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြုတာ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်တာ၊ လှုံ့ဆော်ဆန္ဒပြတာ ဖျက်ဆီးတာနဲ့ရုန်းရင်းဆန်ခတ်ပြုမူတာတွေကို မပြုလုပ်ဖို့ ပြည်နယ်စစ်ကောင်စီက အမိန့်ထုတ်ပြန်တားမြစ်လိုက်တာပါ။

ဘားအံမြို့နယ်အတွင်း လမ်းမကြီးနဲ့ အများပြည်သူသွားရာလမ်း လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်နဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ လူ ၅ ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုပြီး စုဝေးတာမပြုလုပ်ဖို့၊ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကတော့ ဘားအံမြို့နယ်ထဲမှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားရှိတာဖြစ်ပါတယ်။

ဒီအမိန့်ဟာ နောက်ထပ်အမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်စေတယ်လို့ စစ်ကောင်စီရဲ့လက်အောက်ခံ ထွေအုပ်ဌာနက အမိန့်ထုတ်ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘားအံမြို့နယ်ထဲမှာ စစ်ကောင်စီထောက်ခံပွဲကို လူဦးရေအများအပြားနဲ့ စုဝေးကျင်းပြခဲ့သေးတာဖြစ်ပြီး အခုလာမယ့် ပြည်နယ်ပွဲတော်မှာလည်း စစ်ကောင်စီက လူစုလူဝေးနဲ့ ကျင်းပပြုလုပ်သွားဦးမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook