Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်ပြည်နယ်နေ့ပွဲတော်ကျင်းပဖို့စီစဥ်နေတဲ့စစ်ကောင်စီက ဘားအံမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

ဘားအံမြို့နယ်အတွင်း လမ်းမကြီးနဲ့ အများပြည်သူသွားရာလမ်း လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်နဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ လူ ၅ ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုပြီး စုဝေးတာမပြုလုပ်ဖို့၊ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

ကရင်ပြည်နယ်နေ့ပွဲတော်ကို ကျင်းပဖို့စီစဉ်နေတဲ့ စစ်ကောင်စီက ဘားအံမြို့နယ်အတွင်းမှာ လူစုလူဝေးမလုပ်ဖို့ နိုဝင်ဘာ ၁ ရက်ရက်စွဲနဲ့ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်လိုက်တယ်လို့ သတင်းရရှိပါတယ်။

အခုချိန်ခါမှာ ဘားအံမြို့နယ်ထဲမှာ လူတချို့ဟာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ ပြုမူဆောင်ရွက်နေတာကို တွေ့ရှိရတဲ့အတွက် အဲ့ဒီလိုပြုမူဆောင်ရွက်နေတာတွေဟာ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေပြီး ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားစေနိုင်တယ်လို့ ပြည်နယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။

ဒါကြောင့် ဘားအံမြို့နယ်အတွင်းမှာ စုဝေးဟောပြောတာ၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြုတာ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်တာ၊ လှုံ့ဆော်ဆန္ဒပြတာ ဖျက်ဆီးတာနဲ့ရုန်းရင်းဆန်ခတ်ပြုမူတာတွေကို မပြုလုပ်ဖို့ ပြည်နယ်စစ်ကောင်စီက အမိန့်ထုတ်ပြန်တားမြစ်လိုက်တာပါ။

ဘားအံမြို့နယ်အတွင်း လမ်းမကြီးနဲ့ အများပြည်သူသွားရာလမ်း လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်နဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ လူ ၅ ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုပြီး စုဝေးတာမပြုလုပ်ဖို့၊ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကတော့ ဘားအံမြို့နယ်ထဲမှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားရှိတာဖြစ်ပါတယ်။

ဒီအမိန့်ဟာ နောက်ထပ်အမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်စေတယ်လို့ စစ်ကောင်စီရဲ့လက်အောက်ခံ ထွေအုပ်ဌာနက အမိန့်ထုတ်ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘားအံမြို့နယ်ထဲမှာ စစ်ကောင်စီထောက်ခံပွဲကို လူဦးရေအများအပြားနဲ့ စုဝေးကျင်းပြခဲ့သေးတာဖြစ်ပြီး အခုလာမယ့် ပြည်နယ်ပွဲတော်မှာလည်း စစ်ကောင်စီက လူစုလူဝေးနဲ့ ကျင်းပပြုလုပ်သွားဦးမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။