Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးချိုင့်မြို့နယ်ပြည်သူများ ပူးပေါင်းဆောင်ရွက်စမည့်အချက်များ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြေညာ

ထီးချိုင့်မြို့နယ်အတွင်း သွားလာကြမည့် အိမ်စီးကားငယ်များ မှန်ချမောင်းနှင်ရန်နှင့် ကုန်ကားကြီးများအနေဖြင့် နောက်ဖုံးမိုးကာများအား လုံးဝအုပ်ထားခြင်းမပြုရန်နှင့် ကား၊ဆိုင်ကယ်များကို လမ်းဘေးဝဲ၊ယာတလျောက် လုံးဝ(လုံးဝ) ရပ်နားခြင်းမပြုလုပ်ကြရန် HPDFက ဆိုသည်။

(နိုဝင်ဘာ ၃ ရက်က ထီးချိုင့်မြို့အတွင်း ပြည်သူ့တပ်ဖွဲ့ ၏ စည်းကမ်းချက်ကို လိုက်နာမှုမရှိသော ကုန်ကားတစ်စီးအား သတိပေးခဲ့သည်)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နေပြည်သူများပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF) အရေးပေါ် ကြေညာ ချက် ယနေ့(နိုဝင်ဘာ ၅ ရက်)တွင် ထုတ်ပြန်သည်။

ထီးချိုင့်မြို့နေ ပြည်သူများအနေဖြင့် ည(၆)နာရီမှ နံနက်(၆)နာရီအထိ အပြင်သို့လုံးဝ(လုံးဝ)မထွက်ကြရန်နှင့် မန္တလေး-ဗန်းမော် ဗျူဟာလမ်းနှင့် မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းရှိ ထီးချိုင့်မြို့နယ် လမ်းပိုင်းအား ည (၆)နာရီမှ နံနက် (၆)နာရီအထိ လုံးဝ(လုံးဝ)အသုံးမပြုကြရန် အသိပေးထားသည်။

ထို့အပြင် ထီးချိုင့်မြို့နယ်အတွင်း သွားလာကြမည့် အိမ်စီးကားငယ်များ မှန်ချမောင်းနှင်ရန်နှင့် ကုန်ကားကြီးများအနေဖြင့် နောက်ဖုံးမိုးကာများအား လုံးဝအုပ်ထားခြင်းမပြုရန်နှင့် ကား၊ဆိုင်ကယ်များကို လမ်းဘေးဝဲ၊ယာတလျောက် လုံးဝ(လုံးဝ) ရပ်နားခြင်းမပြုလုပ်ကြရန် HPDFက ဆိုသည်။

အထူးသဖြင့် ထီးချိုင့်မြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများအားလုံး အမြန်နုတ်ထွက်ကြရန်လည်း သတိပေးချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် စစ်ကောင်စီ ယာဥ်တန်း၊ စစ်ကောင်စီအဖွဲ့ များအား မည်သည့်အခြေအနေ၌ တွေ့ရှိ သည်ဖြစ်စေ နီးစပ်ရာ ကျေးရွာ သို့မဟုတ် လုံခြုံသော နေရာသို့ အမြန်ပုန်းရှောင်ကြရန်လည်း HPDF က သတိပေးသည်။

တောင်သူဦးကြီးများအနေဖြင့် ကားလမ်းမဘေး ဝဲ၊ယာ တလျောက် ကျွဲ၊နွားများ ကျောင်းခြင်းမပြုလုပ်ရန် လည်း တိုက်တွန်းထားသည်။ အရေးပေါ်ကြေညာချက်များအား လိုက်နာမှု မရှိ၍ ဖြစ်ပေါ်လာသောအကျိုးဆက်များအား လုံးဝတာဝန်ယူမည်မဟုတ်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

စစ်ကောင်စီသည် ထီးချိုင့်ဒေသတွင်း အပါအဝင် စစ်ကိုင်းတိုင်း၌ အထူးစစ်ဆင်ရေးကို အောက်တိုဘာ နောက်ဆုံးပတ်က စတင်ခဲ့ပြီး ဒေသခံပြည်သူတပ်ဖွဲ့များ နှင့် နေ့စဥ် ထိတွေ့တိုက်ပွဲ များဖြစ်ပွားနေသည်။

(နိုဝင်ဘာ ၃ ရက်က ထီးချိုင့်မြို့အတွင်း ပြည်သူ့တပ်ဖွဲ့ ၏ စည်းကမ်းချက်ကို လိုက်နာမှုမရှိသော ကုန်ကားတစ်စီးအား သတိပေးခဲ့သည်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။