Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့နယ်ပြည်သူများ ပူးပေါင်းဆောင်ရွက်စမည့်အချက်များ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြေညာ

ထီးချိုင့်မြို့နယ်အတွင်း သွားလာကြမည့် အိမ်စီးကားငယ်များ မှန်ချမောင်းနှင်ရန်နှင့် ကုန်ကားကြီးများအနေဖြင့် နောက်ဖုံးမိုးကာများအား လုံးဝအုပ်ထားခြင်းမပြုရန်နှင့် ကား၊ဆိုင်ကယ်များကို လမ်းဘေးဝဲ၊ယာတလျောက် လုံးဝ(လုံးဝ) ရပ်နားခြင်းမပြုလုပ်ကြရန် HPDFက ဆိုသည်။

(နိုဝင်ဘာ ၃ ရက်က ထီးချိုင့်မြို့အတွင်း ပြည်သူ့တပ်ဖွဲ့ ၏ စည်းကမ်းချက်ကို လိုက်နာမှုမရှိသော ကုန်ကားတစ်စီးအား သတိပေးခဲ့သည်)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နေပြည်သူများပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF) အရေးပေါ် ကြေညာ ချက် ယနေ့(နိုဝင်ဘာ ၅ ရက်)တွင် ထုတ်ပြန်သည်။

ထီးချိုင့်မြို့နေ ပြည်သူများအနေဖြင့် ည(၆)နာရီမှ နံနက်(၆)နာရီအထိ အပြင်သို့လုံးဝ(လုံးဝ)မထွက်ကြရန်နှင့် မန္တလေး-ဗန်းမော် ဗျူဟာလမ်းနှင့် မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းရှိ ထီးချိုင့်မြို့နယ် လမ်းပိုင်းအား ည (၆)နာရီမှ နံနက် (၆)နာရီအထိ လုံးဝ(လုံးဝ)အသုံးမပြုကြရန် အသိပေးထားသည်။

ထို့အပြင် ထီးချိုင့်မြို့နယ်အတွင်း သွားလာကြမည့် အိမ်စီးကားငယ်များ မှန်ချမောင်းနှင်ရန်နှင့် ကုန်ကားကြီးများအနေဖြင့် နောက်ဖုံးမိုးကာများအား လုံးဝအုပ်ထားခြင်းမပြုရန်နှင့် ကား၊ဆိုင်ကယ်များကို လမ်းဘေးဝဲ၊ယာတလျောက် လုံးဝ(လုံးဝ) ရပ်နားခြင်းမပြုလုပ်ကြရန် HPDFက ဆိုသည်။

အထူးသဖြင့် ထီးချိုင့်မြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများအားလုံး အမြန်နုတ်ထွက်ကြရန်လည်း သတိပေးချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် စစ်ကောင်စီ ယာဥ်တန်း၊ စစ်ကောင်စီအဖွဲ့ များအား မည်သည့်အခြေအနေ၌ တွေ့ရှိ သည်ဖြစ်စေ နီးစပ်ရာ ကျေးရွာ သို့မဟုတ် လုံခြုံသော နေရာသို့ အမြန်ပုန်းရှောင်ကြရန်လည်း HPDF က သတိပေးသည်။

တောင်သူဦးကြီးများအနေဖြင့် ကားလမ်းမဘေး ဝဲ၊ယာ တလျောက် ကျွဲ၊နွားများ ကျောင်းခြင်းမပြုလုပ်ရန် လည်း တိုက်တွန်းထားသည်။ အရေးပေါ်ကြေညာချက်များအား လိုက်နာမှု မရှိ၍ ဖြစ်ပေါ်လာသောအကျိုးဆက်များအား လုံးဝတာဝန်ယူမည်မဟုတ်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

စစ်ကောင်စီသည် ထီးချိုင့်ဒေသတွင်း အပါအဝင် စစ်ကိုင်းတိုင်း၌ အထူးစစ်ဆင်ရေးကို အောက်တိုဘာ နောက်ဆုံးပတ်က စတင်ခဲ့ပြီး ဒေသခံပြည်သူတပ်ဖွဲ့များ နှင့် နေ့စဥ် ထိတွေ့တိုက်ပွဲ များဖြစ်ပွားနေသည်။

(နိုဝင်ဘာ ၃ ရက်က ထီးချိုင့်မြို့အတွင်း ပြည်သူ့တပ်ဖွဲ့ ၏ စည်းကမ်းချက်ကို လိုက်နာမှုမရှိသော ကုန်ကားတစ်စီးအား သတိပေးခဲ့သည်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook