Connect with us

Hi, what are you looking for?

News

အင်္ဂဘိုကျေးရွာရှိ Mytel တာဝါတိုင်စောင့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ ​ခြောက်ဦး​သေဟု ကျိုက်ထို​တော်လှန်​ရေးအင်အားစု ထုတ်ပြန်

ယခုဖြစ်စဥ်မတိုင်မီက အောက်တိုဘာအတွင်း ကျိုက်ထိုမြို့ရဲစခန်းမှ ရဲတပ်သားတစ်ဦးကို ရှင်းလင်းခြင်းနှင့် စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်မှုကို KRF က ပြုလုပ်ထားသည်။

People's Spring
People's Spring

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ Mytel တာဝါတိုင်စောင့် စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲ ဖြစ်ပွားရာ စစ်​ကောင်စီတပ်သားခြောက်ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) က ယနေ့(နိုဝင်ဘာ ၁၀ ရက်)အသိပေး ထုတ်ပြန်သည်။

တော်လှန်ရေး အင်အားစုများမှ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး နိုဝင်ဘာ ၉ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် ထိတွေ့ပစ်ခတ်မှု (တိုက်ပွဲငယ်)ဖြစ်ခဲ့ရာမှ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု KRFက ဆိုသည်။

ထို့အပြင် တော်လှန်ရေးအင်အားစုအဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အင်္ဂဘိုကျေးရွာရှိ Mytel တာဝါတိုင်မှာ ပြီးခဲ့သည့်စက်တင်ဘာ ၁၁ ရက်က ဖောက်ခွဲခံထားရသည့် ဖြစ်စဥ်ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဥ်မတိုင်မီက အောက်တိုဘာအတွင်း ကျိုက်ထိုမြို့ရဲစခန်းမှ ရဲတပ်သားတစ်ဦးကို ရှင်းလင်းခြင်းနှင့် စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်မှုကို KRF က ပြုလုပ်ထားသည်။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက် သွားမည် ဖြစ်ကာ အကြမ်းဖက်စသ်​ကောင်စီလက်ပါးစေများ၊ သတင်းပေးဒလန်များ နှင့်​ထောက်တိုင်များအား ဆက်လက်၍ တိုက်ခိုက်ချေမှုန်း သွားမည်ဟု KRF က ကတိပြုထားသည်။

အလားတူ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှု များအား ပြုလုပ်ခြင်း အလျှင်းမရှိကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook