Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်္ဂဘိုကျေးရွာရှိ Mytel တာဝါတိုင်စောင့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ ​ခြောက်ဦး​သေဟု ကျိုက်ထို​တော်လှန်​ရေးအင်အားစု ထုတ်ပြန်

ယခုဖြစ်စဥ်မတိုင်မီက အောက်တိုဘာအတွင်း ကျိုက်ထိုမြို့ရဲစခန်းမှ ရဲတပ်သားတစ်ဦးကို ရှင်းလင်းခြင်းနှင့် စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်မှုကို KRF က ပြုလုပ်ထားသည်။

People's Spring
People's Spring

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ Mytel တာဝါတိုင်စောင့် စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲ ဖြစ်ပွားရာ စစ်​ကောင်စီတပ်သားခြောက်ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) က ယနေ့(နိုဝင်ဘာ ၁၀ ရက်)အသိပေး ထုတ်ပြန်သည်။

တော်လှန်ရေး အင်အားစုများမှ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး နိုဝင်ဘာ ၉ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် ထိတွေ့ပစ်ခတ်မှု (တိုက်ပွဲငယ်)ဖြစ်ခဲ့ရာမှ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု KRFက ဆိုသည်။

ထို့အပြင် တော်လှန်ရေးအင်အားစုအဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အင်္ဂဘိုကျေးရွာရှိ Mytel တာဝါတိုင်မှာ ပြီးခဲ့သည့်စက်တင်ဘာ ၁၁ ရက်က ဖောက်ခွဲခံထားရသည့် ဖြစ်စဥ်ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဥ်မတိုင်မီက အောက်တိုဘာအတွင်း ကျိုက်ထိုမြို့ရဲစခန်းမှ ရဲတပ်သားတစ်ဦးကို ရှင်းလင်းခြင်းနှင့် စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်မှုကို KRF က ပြုလုပ်ထားသည်။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက် သွားမည် ဖြစ်ကာ အကြမ်းဖက်စသ်​ကောင်စီလက်ပါးစေများ၊ သတင်းပေးဒလန်များ နှင့်​ထောက်တိုင်များအား ဆက်လက်၍ တိုက်ခိုက်ချေမှုန်း သွားမည်ဟု KRF က ကတိပြုထားသည်။

အလားတူ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှု များအား ပြုလုပ်ခြင်း အလျှင်းမရှိကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။