Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရေတပ် ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေထဲမှာ လက်နက်ကြီးစမ်းသပ်ပစ်ခတ်

ကေအဲန်ယူ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဘားအံမြို့ သံလွင်တံတားအနီးမှာ အခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ရေတပ်တပ်ဖွဲ့တွေဟာ မယ့်ကရောကျေးရွာအနီးမှာ လက်နက်ကြီးအလုံးပေါင်း (၃၀) ခန့် ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ကေအဲန်ယူ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဒေသထဲမှာ စစ်ကောင်စီလက်အောက်ခံ ရေတပ် ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကြီးစမ်းသပ် ပစ်ခတ်လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ် မယ့်ကရော(မိကရင်) ကျေးရွာအနီး သံလွင်မြစ်ပေါ်မှာ စစ်ကောင်စီရေတပ်သင်္ဘောတစ်စီး ရောက်ရှိလာပြီး လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုတွေ လုပ်ဆောင်သွားခဲ့တာလို့သိရပါတယ်။

အဲ့ဒီလို ရေတပ်သင်္ဘောက လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုတွေ ပြုလုပ်မယ့်အပေါ် ကေဲအန်ယူ တပ်မဟာ ၁ တာဝန်ရှိသူတွေထံ အသိပေးအကြောင်းကြားတာတွေ မရှိဘူးလို့ တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သူတို့တွေ အဲ့ဒီမှာ နှစ်လတစ်ကြိမ် တစ်လတစ်ကြိမ် ရေတပ်က သင်္ဘောနဲ့တက်လာပြီးတော့ မယ့်ကရောမှာ လက်နက်ကြီးတွေစမ်းပစ်တာတော့ လုပ်တာတော့ရှိတယ်။ အဲ့ဒီရေတပ်က မော်လမြိုင်အောက်က။ ပြန်ဆင်းသွားပြီး သူတို့ပစ်ပြီးတာနဲ့ ပြန်ဆင်းသွားတာ။ အဲ့ဒီတစ်ရက်ပဲ သူတို့လာပစ်ပြီးတော့ တစ်ရက်ပဲပစ်တယ်။ ပစ်ပြီးတော့ပြန်သွားတယ်။ နောက်တစ်လနှစ်လလောက်မှ တစ်ခါလာရောက်ပြီးတော့ လေ့ကျင့်ပစ်တာတို့ အဲ့ဒါတော့ရှိတယ်။ အပစ်အခတ်ရပ်စဲရေးကာလမှာ သူတို့လာရောက်ပြီး လေ့ကျင့်တာတွေရှိတယ်။ အခုလည်းနှစ်ဖက်ပြန်ပြီးတော့ တင်းမာမှုတွေရှိလာတယ်။ ရှိလာတော့ အခုလည်းလာပြီးတော့ လေ့ကျင့်နေတယ်။ ဒါပေမဲ့ အသိပေးအကြောင်းကြားတာတော့ မရှိဘူးပေါ့” လို့ တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရေတပ်က လက်နက်ကြီးစမ်းသပ် ပစ်ခတ်လေ့ကျင့်မှုတွေ လုပ်ဆောင်သွားမယ့်အပေါ် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကြိုတင်အသိပေးအကြောင်းကြားထားပြီး လေ့ကျင့်ပစ်ခတ်မှုတွေ ပြုလုပ်နေစဉ်အတွင်း ဖြတ်သန်းဖြတ်လာတာတွေ မပြုလုပ်ဖို့ကို ကြိုတင်အသိပေးထားမှုတွေရှိတယ်လို့ မိကရင်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က အုပ်ချုပ်ရေးမှူးဆီအသိပေးတယ်။ အုပ်ချုပ်ရေးမှူးက ကြေညာပေးတာပေါ့။ ဖြတ်သန်းသွားလာခြင်းမပြုဖို့ ဒီနေ့ဒီရက် စာကပ်ထားပေးတယ်။ တောင်ကိုပဲပစ်တယ် တောင်နံရံကိုပဲ ။ သူတို့ပစ်မှတ်ရှိတယ်။ နှစ်တိုင်းပဲပစ်နေတာပဲ။ ပစ်မှတ်တောင်နံရံတစ်ခုရှိတယ်။ အဲ့ဒီမှာလာပစ်တာ သူတို့ရဲ့လုပ်ရိုးလုပ်စဉ်ပဲလေ သူတို့အရင်ကလုပ်နေကျပဲ နှစ်စဉ်နှစ်တိုင်းပဲ။ ရွာခံလူကတော့ စိုးရိမ်မှာပေါ့။ မတော်တဆတွေ ထိမှာကြောက်လို့ပေါ့နော်။ ဒါပေမဲ့ ဒီဘက်ကလည်း အကြောင်းကြားထားတာပဲ။ ဖြတ်သန်းဖြတ်လာတာတွေမလုပ်ဖို့ပေါ့ ဒီအချိန် ဒီအချိန်အတွင်းမှာ။ ရွာခံလူတွေကလည်း အကြောင်းသိနေပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကေအဲန်ယူ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဘားအံမြို့ သံလွင်တံတားအနီးမှာ အခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ရေတပ်တပ်ဖွဲ့တွေဟာ မယ့်ကရောကျေးရွာအနီးမှာ လက်နက်ကြီးအလုံးပေါင်း (၃၀) ခန့် ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ကေအဲန်ယူ ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဒေသအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ရေးလှုပ်ရှားမှုတွေကို ပိုမိုလုပ်ဆောင်လာခဲ့တာကြောင့် နယ်မြေခံ KNLA တပ်မဟာ ၁ လက်အောက်ခံတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက ပြောပါသေးတယ်။

ကေအဲန်ယူ ဒူးသထူခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဒေသထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့ကြား အောက်တိုဘာလအတွင်းမှာ တိုက်ပွဲပေါင်း (၄၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၁၀၀ နီးပါးသေဆုံးခဲ့ကာ ၈၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။