Connect with us

Hi, what are you looking for?

News

ချောင်းဆုံနှင့်​ရေးမြို့နယ်ရှိ NLD ရုံးများ ပြည်သူများအပြင်မထွက်ရချိန်တွင်​ဖောက်ခွဲဖျက်ဆီးခံရ

ပြည်သူများကိုညမထွက်ရအမိန့်ထုတ်ထားချိန်တွင်ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် NLD ပါတီရုံးနှစ်ခုအနက် ချောင်းဆုံမြို့ရှိအဆောက် အဦးမှာတစ်ခုလုံးနီးပါး ပျက်စီးခဲ့သည့်အပြင် ပတ်ဝန်းကျင် ရှိနေအိမ်အချို့ပါ ထိခိုက်ခဲ့သည်။

(​ချောင်းဆုံမြို့နယ်ရှိ NLD ပါတီရုံးမှာ အ​ဆောက်အအုံတစ်ခုလုံးနီးပျက်စီးခဲ့သည်)

မွန်ပြည်နယ် ချောင်းဆုံ နှင့် ရေးမြို့နယ်များရှိ
အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်(NLD)ပါတီရုံးများကိုယမန်​နေ့( နိုဝင်ဘာ ၁၂ ရက်) ညနက်ပိုင်းကဗုံးဖောက်ခွဲ ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများကပြောသည်။

ပြည်သူများကိုညမထွက်ရအမိန့်ထုတ်ထားချိန်တွင်ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် NLD ပါတီရုံးနှစ်ခုအနက် ချောင်းဆုံမြို့ရှိအဆောက် အဦးမှာတစ်ခုလုံးနီးပါး ပျက်စီးခဲ့သည့်အပြင် ပတ်ဝန်းကျင် ရှိနေအိမ်အချို့ပါ ထိခိုက်ခဲ့သည်။

“ပါတီရုံးက တစ်ခုလုံးနီးပါးပျက်သွားတာ။ဘေးက အိမ်တွေရဲ့ တံခါးနဲ့ အမိုးတချို့ပါ ပွင့်ထွက် သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူယ​နေ့(နိုဝင်ဘာ ၁၃ ရက်) နံနက်အစောပိုင်းကလည်းရေးမြို့၊တူးမြောင်းကျေးရွာမြို့နယ် NLD ရုံး​ဖောက်ခွဲခံရပြီးအ​ဆောက်အဦ၏ အပြင်ဘက် အကာအရံများနှင့် အတွင်းပိုင်းအချို့ ပျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ နောက်ဆုံးပတ်ကစ၍ မန္တလေး၊တနင်္သာရီတိုင်း၊ မွန် ပြည်နယ် စ​သော​ဒေသတို့တွင်ပြည်သူများ အပြင်မထွက်ရချိန် ၌ NLD ပါတီရုံးများ ဆက်တိုက်မိုင်းခွဲဖျက်ဆီးခံ​နေရသည်။၂၀၂၀ ​ရွေး​ကောက်ပွဲတွင်အပြတ်အသတ်အနိုင်ရရှိခဲ့​သော NLD ပါတီကို ဖျက်ဆီးရန် မျိုးစုံကြိုးစား​နေပြီး ပြည်သူများညမထွက်ရချိန်တွင် ​ဖောက်ခွဲမှုများမှာ အာဏာလုစစ်​ကောင်စီ၏ လက်ချက်သာဖြစ်​ကြောင်း ပြည်သူအများစုက ယုံကြည်​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။